Unicode
"ကြယ်လေးတွေ ချစ်စရာ အပြာရောင် ကောင်းကင်မှာ~~သူတို့ကို တစ်လုံးချင်း ပြုံးရင်းကြည့်နေတာ~~"
"ပါး~~"
"ဟင် အိပ်တော့လေ သီချင်းဆိုပြနေတာကို"
"အဘူး~~Dada... Dada"
"Daddyအလုပ်လုပ်နေတုန်းမို့ပါ သားရယ်။အိပ်ပါတော့ အိပ်ချိန်ရောက်နေပြီကို"
"Daddyခဏနေ လာအိပ်မယ် အိပ်နှင့်နော် သားသား"
အလုပ်စားပွဲကနေ လှမ်းအော်တဲ့ Daddy။ကဲကဲသဲသဲသားအဖ တကယ်ပါဘဲ..."အိပ်တော့နော် လိမ္မာတယ်။ပါး ပုံပြင်ပြောပြမယ်လေ"
သူ့ခြေထောက် ၂ဖက်ကို မြှောက်ကာ လက်လေးနဲ့ဖမ်းကိုင်ပြီး ဆော့နေတဲ့ သားကြောင့် ဥာဏ် ချွေးပြန်ချင်သွားသည်။နေ့လည်က အိပ်တာများသွားလို့ထင်တယ်.... ခုထိကို မအိပ်နိုင်သေးဘူး...."သားလေး...ပါပါးသားလေး...ဆော့ကောင်းတုန်းလားကွာ"
ပါးလေးကို မွှေးကြူလေတော့ တခစ်ခစ်နဲ့ သဘောတကျ ရယ်နေပြန်သည်။"သား နေ့လည်က ဘယ်လောက်တောင် အိပ်ထားလို့လဲ"
"၂နာရီလောက် ပိုအိပ်ထားတယ် ရတုရာ...."
ရတု သိလိုက်ပြီ။ပါပါးက ပင်ပန်းနေပြီမို့ နားချင်နေပြီ ဆိုတာကို...."ကဲ ကိုယ် သိပ်ပေးမယ် ကိုယ် သိပ်ပေးမယ်။လှဲပြီး နားတော့"
နဖူးပေါ်ကျရောက်တဲ့ အနမ်းက ဥာဏ် ပင်ပန်းထားသမျှအတွက် အားဆေးပင်။သားက ၈လကျော်လာပြီ ဖြစ်တဲ့အတွက် လေးဘက်သွားတတ်ကာ အတော်လည်နေပြီ။တွေ့သမျှပစ္စည်းတွေ ကောက်ကာ ပါးစပ်ထဲထည့်တတ်တာလာပြီမို့ အကြည့်လွှဲလို့ မရတာကြောင့် သေးသေးလေးတုန်းကထက် ပိုဂရုစိုက်နေရ၍ တစ်နေ့ တစ်နေ့ ဥာဏ်မသက်သာလှ။ဒါတောင် မာမီနဲ့ဒယ်ဒီက တစ်ချက်တစ်ချက် ၀ိုင်းထိန်းပေးသေးလို့ မဟုတ်ရင် ဥာဏ်နဲ့ သူ့ရဲ့လူလည်ပေါက်စလေးနဲ့ မလွယ်ပေ။
ရတုက မနက်၈နာရီလောက်ကနေ ညနေ၅နာရီ ၆နာရီအထိ အလုပ်သွားရသဖြင့် ညပိုင်းလောက်သာ သားကို ထိန်းဖြစ်သည်။ဒီနေ့လို အလုပ်လုပ်စရာပါလာရင်လည်း မထိန်းဖြစ်တာမျိုး ရှိတတ်သည်။ပုံမှန်အားဖြင့် ကလေးဝေယာ၀စ္စဆိုတာမျိုးက အမျိုးသမီးတွေသာ တာ၀န်ယူကြတာမို့ အမျိုးသားတစ်ယောက်ဖြစ်တဲ့ ဥာဏ့်အတွက် အနည်းနဲ့အများတော့ ခက်ခဲမည်ပင်။ဒါကြောင့် ရတုဘက်က ရရင် ရရသလို သားကို ၀ိုင်းထိန်းဖြစ်သည်။ပိတ်ရက်ဆိုလျှင် ရတုဘဲ ထိန်းသည်။
