Part-18

5.7K 292 26
                                    

Unicode

"ဖုန်းဆက်မယ်နော်"

"သွားပါကွာ။ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ်ဟာကို ဖြစ်နေလိုက်တာ"

"မင်းကလည်း...."

"ကဲ သွား သွား။ညကျရင် ဖုန်းဆက်မယ် Ok?"

"Ok Ok"
၂ယောက်သား အိမ်ပြန်လာကြတာဖြစ်ပြီး အိမ်ထဲမ၀င်သေးဘဲ ညှိနှုင်းရေးလုပ်နေကြခြင်း။

၁၅မိနစ်ကြာ ဆွေးနွေးပြီးသွားမှ အခုလို အခြေအနေရောက်လာနိုင်သည်။ရတုတစ်ယောက် ကလေးလို ဂျစ်တစ်တစ်လုပ်နေသောကြောင့် အိမ်ထဲမ၀င်နိုင်ဘဲ ရှိနေသည်မှာ ယခုတော့ အိမ်ထဲ၀င်ရတော့မည်။

လှည့်ကြည့်လှည့်ကြည့်နဲ့ ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေသော ရတုကို ဥာဏ် ရယ်လည်းရယ်ချင် ရယ်လည်း မရယ်ရက်ပါ။ရတုက မိမိအပေါ်အရမ်းချစ်ကြောင်း အမူအယာနဲ့ရော စကားနဲ့ပါ အမြဲဖော်ပြတတ်သည်။ဥာဏ်က သိပ်မဖော်ပြတတ်။ကလေးဆန်နေတဲ့ ရတုက မိမိကို အမှန်တကယ်ချစ်မှန်း ဥာဏ်သိနေ၍ ရတုအမူအယာတွေကို မရယ်ရက်....

"မေမေ သား လာတယ်"

"အင်း သိတယ်။ကြာလှပြီ အိမ်ရှေ့မှာတွေ့တာ။ဘာတွေ အဲ့လောက်ပြောနေကြတာလဲ ရတုနဲ့"

"နည်းနည်းပြောစရာရှိလို့ပါ မေမေရဲ့"

"အမယ်လေးတော် မင်းတို့သူငယ်ချင်း၂ယောက်ကလည်း တစ်အိမ်ထဲအတူနေပေလို့သာပေါ့။ပြောစရာစကားက ဘယ်တော့မှမကုန်ဘူး။ရည်းစားတွေကိုလည်း အချိန်ပေးဦး"

"ဟုတ်ကဲ့ပါ မေမေရယ်"

"သွယ်လေးရော မြန်မာပြည်က မပြန်လာသေးဘူးလား"

"ကျောင်းဖွင့်ခါနီးပြီဘဲ။ ပြန်လာမှာပေါ့"

"သားရယ် ဘယ်လိုတောင်ပြောလိုက်တာလဲ ကိုယ့်ချစ်သူကို"

"သား နားဦးမယ် မေမေ"

"​အေးအေး။မေမေပြောမယ် ဥာဏ် သွယ့်ကို ခုလိုကြီးအေးစက်စက်လုပ်မနေနဲ့။မေမေမကြိုက်ဘူး"

ဥာဏ် ဘာမှပြောမနေချင်တော့တဲ့ အတွက် ခေါင်းသာငြိမ့်ပြပြီး အပေါ်ထပ်တက်လာခဲ့လိုက်သည်။ခက်တယ် ခက်တယ်....မေမေနဲ့တော့ တကယ် ခက်တယ်။

မာနဖြင့် ထုဆစ်သောTempat cerita menjadi hidup. Temukan sekarang