Part-12

6.8K 345 27
                                    

Unicode

မျက်လုံးဖွင့်ဖွင့်ချင်း နံရံပေါ်က နာရီကို လှမ်းကြည့်တော့ ၇နာရီထိုးပြီးပြီ။အရင်နေ့ကလောက် အေးစက်မနေတဲ့ ခံစားမှုကြောင့် ပြုံးမိသည်။မိမိနောက်တွင် အနွေးဓာတ်ပေးနေတဲ့ ရင်ခွင်ရှိနေသည် မဟုတ်ပါလား...

လွတ်ထွက်သွားမည်အလား တင်းနေအောင် ဖက်ထားတဲ့ ရတုလက်ကို နိုးသွားမည်ကို စိုးသောကြောင့် ဖြေးဖြေးချင်း ဖယ်ရသည်။

"မထနဲ့ဦး အစောကြီးရှိသေးတယ်"

"မနက်စာပြင်ရဦးမယ်လေ ရတုရာ"

"ရတယ် ခဏနေမှ တူတူပြင်မယ်။အိပ်ဦး"
ဥာဏ် ကျောခိုင်းထားရာကနေ ရတုဘက်သို့ မျက်နှာမူလိုက်သည်။ရတုက မျက်လုံးတောင် မပွင့်သေး။

အနီးကပ်မြင်နေရတဲ့ မျက်နှာချောချောသည် စောစောစီးစီး ဥာဏ့်ကို ရင်ခုန်စေနိုင်စွမ်းသည်။Blond colourဆံပင်တွေကို အသာသပ်ပေးပြီး တစိမ့်စိမ့်ကြည့်နေမိသည်။ဒီကောင် တော်တော်ချောတာဘဲ ဟု စိတ်ထဲတွင်လည်း အကြိမ်ရေများစွာ တွေးနေမိသည်။

မျက်နှာအနှံ့ကို လက်ဖြင့် အသာအယာ ထိကြည့်မိသည်။ဒီလိုမျိုး ထိကြည့်ချင်တာ ကြာပြီ။တစ်မျိုးဖြစ်နေမှာစိုးသောကြောင့် မလုပ်ဖြစ်ခဲ့တာ အခုတော့ အိပ်မက်တွေကို ဥာဏ်တစ်ယောက် အကောင်အထည်ဖော်နေချေပြီ။

ပြုံးလိုက်တိုင်း ပေါ်လာတတ်တဲ့ တစ်ခါတစ်ရံ စကားပြောလျှင်တောင် ပေါ်လာတတ်တဲ့ ပါးချိုင့်ဖြစ်တည်ရာ နေရာ၊ချောမွတ်နေတဲ့ ပါးပြင်၊မထူမပါး နှုတ်ခမ်း ထိမိသမျှနေရာတိုင်းက သူ မတူကြည့်ကောင်းလွန်းလှသည်။

"ငါ့ရဲ့အရာရာက မင်းပိုင်ပါတယ်ကွာ။ဖြည်းဖြည်းကြည့်"
နိုးလာတာနဲ့ စကားလုံးတွေနဲ့ သတ်ပါပြီ....

မျက်လုံးဖွင့်ပြီး ဥာဏ့်ကို တည့်တည့်ကြီး စိုက်ကြီးနေတဲ့ ရတုကြောင့် ဥာဏ်လည်း ပြန်၍ စိုက်ကြည့်နေလိုက်သည်။၂ယောက်သား အတန်ကြာ အကြည်စိုက်နေပြီးမှ အရင်အရှုံးပေးရသည်က ဥာဏ်...

"ကဲ နိုးရင် ထတော့။ငါ့ကြည့်နေလို့ ဗိုက်မ၀ဘူး"

"အီးယား....ထပြီ ထပြီ"
အပျင်းကြောဆန့်ကာ အော်နေတဲ့ရတုကြောင့် ဥာဏ်သနားသွားသည်။ညက ကျပ်ကျပ်သိပ်သိပ်နဲ့ မလှုပ်မယှက် အိပ်ထားရတော့ ရတုမပြောနဲ့ မိမိတောင် အတော်ညောင်းနေပြီ။

မာနဖြင့် ထုဆစ်သောWhere stories live. Discover now