Unicode
"မျက်နှာလည်းမကောင်းဘူး။ဘာဖြစ်လို့လဲ"
အလုပ်သွားခါနီး ဥာဏ့်ကို ကြည့်ကာ ရတု ဆိုသည်။"ဘာမှမဖြစ်ပါဘူး။နည်းနည်း ခေါင်းနောက်နေလို့"
"နားဦး...ကိုယ်သွားတော့မယ်နော်"
မမေ့မလျော့ နဖူးပေါ် အနမ်းခြွေပြီးမှ ကားပေါ်တက်သွားသည်။"ဟက်ချိုး!!"
ရတု ထွက်သွားတော့မှ ရောဂါက စတော့သည်။"ဥာဏ် နေမကောင်းဘူးလား"
"ဟုတ်မယ် မာမီ"
"ဒါဆိုလည်း ဆေးသောက်ပြီး နားလိုက်လေ ယံလေးကို မာမီတို့နဲ့အတူခေါ်သွားလိုက်မယ်"
"အဆင်ပြေပါ့မလား။မာမီတို့ အလုပ်ပိုနေဦးမယ်။၂ယောက်ထဲ အေးဆေးသွားကြပါ"
"မပိုပါဘူး သားရယ်။ရတယ် ခေါ်သွားလိုက်မယ်။လိုက်မယ် မဟုတ်လား"
"အီးယား...."
"သြော် လိုက်မှာလား ကလေးက....ရတယ် သား။သား နားနေလိုက်"
"ကျေးဇူးတင်ပါတယ် မာမီ"
"အမယ်လေး ရပါတယ်ရှင်"
ရတုက အလုပ်သွား၊သားက မာမီတို့နဲ့အတူ shoppingထွက်....အိမ်မှာ ဥာဏ်တစ်ယောက်ထဲသာ ကျန်ခဲ့တော့သည်။မနက်စာစားထားပြီးပြီမို့ ဆေးသောက်ပြီး အိပ်ယာထဲသာ လှဲနေလိုက်သည်။မနေ့က သားအိပ်နေတဲ့အချိန် ခြံထဲကပန်းအိုးတွေကို မာမီနဲ့ဒယ်ဒီ နေရာချနေကြတာမို့ ဥာဏ်သွား၀ိုင်းလုပ်ပေးမိသည်။မိုးက ခပ်ဖွဲဖွဲသာ ရွာနေတာမို့ ဘာမှ ဆောင်းမနေတော့ဘဲ လုပ်လိုက်တာ ခုတော့ ဖျားပြီ။
နဖူးပေါ်က ခပ်အေးအေးအထိအတွေ့ကြောင့် ဥာဏ် အိပ်နေရာမှ နိုးလာရသည်။
"နိုးသွားပြီလား sorry ကိုယ်အရမ်းပူနေလားလို့ စမ်းကြည့်တာ"
"ဘာလို့ အိမ်ပြန်ရောက်နေတာလဲ"
"အမေတို့က သားနဲ့ Shoppingဆိုလို့ မင်းအကြောင်းမေးလိုက်တာ။ဖျားနေပြီ ဆိုတာနဲ့ အလုပ်တွေပစ်ချပြီး ပြန်လာတာပါဗျာ"
"ရပါတယ် အလုပ်သွားပြန်လုပ် သွား"
"ကိုယ်တွေပူနေတာကို ဘာရတာလဲ...အထုမခံချင်ရင် ငြိမ်ငြိမ်လေးလှဲနေ။ဆန်ပြုတ်၀ယ်လာတာကို ပန်းကန်ထဲထည့်ပြီး ယူလာခဲ့မယ်"
ပြောချင်တာပြောပြီး ထွက်သွားသူ။bed sideပေါ်ကို ကြည့်တော့ ရေဇလုံရယ် လက်ကိုင်ပု၀ါရယ်...အိပ်နေတုန်း ရေ၀တ်ဖတ် တင်ပေးထားပုံပင်။နာရီကို ကြည့်တော့ ၁၂နာရီ။ဥာဏ် အတော်အိပ်မိသွားတာဘဲ....
