Part-29

7.5K 336 8
                                    

Unicode

မနက်ဖြန်ဆို ပြင်ဦးလွင်ကနေ ပြန်ကြတော့မှာဖြစ်၍ ဒီနေ့ည ငှားထားတဲ့ တိုက်ရှေ့က မြေကွက်လပ်လေးမှာ မီးပုံပွဲလုပ်ပေးလိုက်သည်။အစားအသောက်ရော လိုအပ်တာတွေအတွက် ရတုက အိတ်စိုက်သည်။အကြောင်းကတော့ မနက်ဖြန် Christmasနေ့ သူ့မွေးနေ့မို့ ၀န်ထမ်းတွေကို အကြိုကျွေးမွေးခြင်းပင်။

"ဆရာ ကျန်းမာပျော်ရွှင်ပါစေ!!"
ခွက်တိုက်သံတွေ ဆူညံသွားသည်။

"ကိုအောင်ကြီး ဥာဏ်ရော"

"ခုနက အပေါ်တက်သွားတာ တွေ့တယ် ဆရာ"
ရတု သောက်လက်စ ၀ိုင်ခွက်ကို ချပြီး အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။၀န်ထမ်းတွေလည်း သူ့တို့အာရုံနဲ့သူတို့ ပျော်နေပြီမို့ လွှတ်ထားခဲ့လိုက်သည်။

အခန်းထဲ ၀င်သွားတော့ ဥာဏ်က ပြတင်းပေါက်နား မတ်တပ်ရပ်ပြီး ငေးငိုင်နေသည်။ဘာဖြစ်လို့ပါလိမ့်....

"ဘာပြဿနာရှိလို့လဲ ဥာဏ်"

"ဟင် အော် ရတု။အောက်မှာ မနေဘူးလား"
အိပ်မက်က လန့်နိုးလာသူပမာ စကားတွေတရစပ် ပြောလာသည်။မသင်္ကာတော့ဘူး ဒီကောင် ဘာဖြစ်နေတာလဲ..

"ဘာဖြစ်နေတာလဲ။ထူးဆန်းနေတာ ကိုယ်သိတယ်နော် ဥာဏ်"

အမှန်တော့ ဥာဏ် နောက်၂ရက်နေရင် Melbourneကို ပြန်ရတော့မည်။အလုပ်က ပေးတဲ့ နားရက်က ကုန်ခါနီးပြီ။ရတုနဲ့ အဆင်ပြေသွားတာကို ခေါင်းထဲရောက်ပြီး ပြန်ရမယ့် ကိစ္စကို မေ့နေခဲ့မိသည်။

"ဟင်...ဘာဖြစ်နေတာလဲ လို့ ကိုယ်မေးနေတယ်လေ"
အရပ်က မတိမ်းမယိမ်းဆိုသော်ငြား ရတုက မေးဖျားကို ဆွဲမထားသည်မို့ ဥာဏ် မော့ထားရသည်။

ဒီအခြေအနေမှာ ရတု ပျော်နေတာကို မဖျက်ဆီးချင်ပါ။ဥာဏ်ပြောလိုက်တာနဲ့ ရတုက သြော် အေး ပြန်ရတော့မှာလား ဆိုပြီး လက်ခံမှာမဟုတ်...ကောက်နည်းပေါင်းစုံနဲ့ ကောက်ပေလိမ့်မည် ဖြစ်တာကြောင့် ရန်ကုန်ပြန်ရောက်မှ ဒီကိစ္စကို ပြောရန် ဆုံးဖြတ်လိုက်သည်။

"ဘာမှမဖြစ်ဘူး"

"သေချာလား"
မယုံသလို ကြည့်လာတဲ့ ရတု...

မာနဖြင့် ထုဆစ်သောDonde viven las historias. Descúbrelo ahora