Part-27

7.4K 339 21
                                    

Unicode

"မနီလာ အသေးကို ဒါပေးပြီး ဒီနားက စားစရာ တစ်ခုခုလှမ်း၀ယ်ခိုင်းလိုက်ပါ"
အစည်းအဝေးလုပ်နေရင်း နာရီကြည့်လိုက် သက်ပြင်းတွေချလိုက်နဲ့ ဂနာမငြိမ်ဖြစ်နေတာကြာပြီ။အခုလည်း ၅ထောင်တန်၄ရွက် ထုတ်ပေးပြီး အသေးကို စားစရာ၀ယ်ခိုင်းပြန်ပြီ။ဒို့ဆရာ တစ်ခုခုတော့ တစ်ခုခုဘဲ နေ့လည်က ဟိုခပ်ချောချောကောင်လေး ရောက်လာပြီးထဲက...

"ဘယ်နှယောက်စာလဲ ဆရာ"

"၁ယောက်"

"ရှင်"

"မေ့လို့ ၂ယောက်စာ။၀ယ်ပြီးရင် တစ်ခါထဲ အပေါ်ကို သွားပို့ပေးပါ"

"သြော် ဟုတ် ဟုတ် ပြောလိုက်မယ် ဆရာ"

မနီလာ ဆရာပေးတဲ့ပိုက်ဆံကို ယူပြီး အောက်ထပ်ဆင်းကာ ရုံးဆင်းဖို့ ပြင်နေတဲ့ အသေးကို ကမန်းကတန်း သွားဆွဲရသည်။အသေးဆိုတာကလည်း ၅နာရီခွဲ ဒေါင်ဆိုတာနဲ့ လစ်ပြေးချင်နေတာ...

"အသေး မပြန်နဲ့ဦး"

"အယ် မနီလာ ဘာဖြစ်လို့လဲဟင်"

"ရော့ ၂ယောက်စာ တစ်ခုခုကောင်းကောင်းလေး၀ယ်ခဲ့"
ပိုက်ဆံ၂သောင်းပေးလိုက်တော့ အသေးက စပ်စုသလိုမျက်လုံးဖြင့် ကြည့်လာသည်။

"ဆရာ၀ယ်ခိုင်းတာ ၀ယ်ပြီးရင်လည်း အပေါ်ဆုံးထပ်က သူ့အခန်းကို တစ်ခါထဲသွားပို့ချည်"

"အမယ်လေး ထူးထူးဆန်းဆန်း အပေါ်ကို ဘယ်သူ့ကိုမှ မတက်ရဘူးမဟုတ်ဘူးလား"

"မြန်မြန်သွား အလျင်လိုနေတာ။ မြန်မြန်၀ယ်ပြီး ပို့ပေးလိုက်"

အသေးက ဟုတ်ဟုတ် ဟုပြောပြီး လစ်ထွက်သွားတော့သည်။အပေါ်ထပ်တက်ရမယ် ဆိုလို့ တက်ကြွနေလိုက်တာ...

အသေးတော့ ဒီနေ့ ကံကောင်းတာဘဲ။နေ့လည်ကလည်း လူချောလေး၂ယောက်ကို မြင်ရတယ်။ဟော အခုလည်း ဆရာ့အခန်းကို သွားပြီး ညနေစာ ပို့ပေးရဦးမယ်။ဒါနဲ့ ဘာလို့ ၂ယောက်စာလဲ မသိဘူး....

#knock knock#
ဖြေးဖြေးချင်းပွင့်လာတဲ့ တံခါးနဲ့အတူ ပေါ်လာတဲ့ ဆံပင်စုတ်ဖွားနဲ့ နေ့လည်ကလူချောလေး....ဒါကြောင့် ၂ယောက်စာမှာတာကိုး။

မာနဖြင့် ထုဆစ်သောWhere stories live. Discover now