Part-8

6.6K 302 10
                                    

Unicode

ခေါင်းထဲက ထိုးကိုက်နေတဲ့ ဒဏ်ကြောင့် ရတု အိပ်ယာမှ နိုးလာရသည်။သူ ဥာဏ့်နေရမှာ လှဲနေတယ်ဆိုတာကို သတိထားမိတော့ ညက အဖြစ်အပျက်အချို့က တန်းစီကာ ခေါင်းထဲ၀င်လာလေသည်။ထိုအခါ လူက အလိုလို ပြုံးပြီးသား.....

ညက ဥာဏ်သည် မိမိနမ်းတာကို မငြင်းဆန်တဲ့ အပြင် ပြန်တောင်နမ်းသည်မို့ ရတု သောက်ရကျိုးနပ်သည်ဟု ညစ်ကျယ်ကျယ်တွေးမိသည်။အိပ်ယာက အသာထကာ အပေါ်ထပ်ကို ချောင်းကြည့်တော့ ဥာဏ်မရှိ။နိုးနေလောက်ပြီပေါ့ ရတုသာ နောက်ကျတဲ့အထိ အိပ်တတ်ပေမဲ့ ဥာဏ်က ၀ီရိယကောင်းသည်။

မျက်နှာသစ်ဖို့ ထွက်လာရင်း ဧည့်ခန်းကိုလှမ်းကြည့်မိတော့ စာအုပ်စင်ကို မမှိတ်မသုန် စိုက်ကြည့်ကာ တစ်ခုခုတွေးနေပုံရသော ဥာဏ့်ကို တွေ့ရသည်။

"စောစောစီးစီး ဘာတွေ တွေးနေတာလဲ ဥာဏ်"
ရတု ပြောလိုက်တော့ ဥာဏ်သည် တပ်မှူးရှေ့ရောက်နေတဲ့ စစ်သားလေးအလား ထိုင်နေရာကနေ မတ်တပ်ထရပ်ကာ သတိအနေအထားဖြစ်သွားသည်.....

"ဘာ ဘာမှမတွေးပါဘူး။မျက်နှာသစ်တော့ ငါ မနက်စာပြင်ထားပြီးပြီ"

"အင်း"
ဒါကရှက်နေတာလား ဘာလား....

ရတုမျက်နှာသစ်ပြီး မနက်စာစားဖို့ ထိုင်တော့ ဥာဏ်က အခန်းထဲ၀င်သွားသည်မို့...

"ဥာဏ် မနက်စာစားပြီးပြီလား"

"အေး ငါပြီးပြီ။မင်းဘဲစားတော့။ငါပြန်ဖို့ အထုတ်ပြင်လိုက်ဦးမယ်"
ညက အနမ်းအတွက် ဥာဏ်တစ်ယောက် အရှက်ကြီးရှက်နေတယ်ဆိုတာ ရတုသိလိုက်သည်။

ချစ်လိုက်တာ ဥာဏ်ရာ.....

"ဥာဏ် အိမ်မှာ ဘယ်လောက်နေမယ် စိတ်ကူးလဲ"

"ငါက ဖြစ်နိုင်ရင် ကျောင်းဖွင့်မှ ပြန်လာချင်တယ်"

"အာ....ငါက ဒီမှာ မင်းနဲ့၂ယောက်ထဲ အချိန်ကုန်ချင်နေတာကို...."
ရတုစကားကြောင့် အခြေအနေက တိတ်ဆိတ်သွားသည်...

"ဟို ဟိုလေ ငါပြောတာက မင်းနဲ့နေတော့ ငါလုပ်ချင်တာလုပ်လို့ရလို့ပါ....အိမ်မှာဆို ညဘက်အပြင်ထွက်ဖို့လည်း မလွယ်သလို။သောက်လာရင်လည်း ဒယ်ဒီ ဆူတာခံရမှာလေ အဲ့ အဲ့တာကြောင့်ပါ"
ဒါက ရတုရဲ့ လုပ်ဇာတ်သက်သက်။သူ့မိဘလောက် ခေတ်မီပြီး သူ့အကြိုက်လိုက်ပေးတာ သူ့မိဘဘဲ ရှိတယ်။သို့သော် ဥာဏ့်ရှေ့မှာဆို ရတုက ဇာတ်ညွှန်းအဆန်းတွေ ရေးပစ်လေ့ရှိတယ်...

မာနဖြင့် ထုဆစ်သောWhere stories live. Discover now