E-1💕

9.8K 335 14
                                        

Unicode

"ဟယ် မင်းသားလေး လာတယ်"
အသေးက သားသားကိုတွေ့တာနဲ့ တစ်ရုံးလုံးကြားလောက်တဲ့ အသံဖြင့်အော်တော့သည်။

"ဆရာ ဧည့်သည်နဲ့ meeting roomထဲမှာပါ ကိုဥာဏ်"
မေးမည်ကို သိနေသည့်အလား တစ်ခါထဲပြောပြသွားသူ အသေး။

"အဲ့တာဆို အောက်မှာဘဲနေဦးမယ်။အသေးတို့ coffee breakမဟုတ်လား"

"ဟုတ်ပါ့...မင်းသားလေးရေ မမဆီ လာပါဦး"
ဥာဏ့်လက်ထဲမှာ ငြိမ်နေတဲ့သားသားကို ခေါ်လေတော့ ကိုယ်တော်ချောက မမလှလှမို့ ငြိမ်ပြီး ပါသွားသည်။

ရုံးကို သားသားလာတဲ့နေ့ဆို ရုံးက လူတွေအလုပ်မလုပ်နိုင်....အဲ့ပိစိကို ၀ိုင်းအုံပြီး မြှူနေကြသောကြောင့်။အဲ့တာကြောင့် ဥာဏ်က လာရင် break timeဘဲ ရွေးလာရသည်။မဟုတ်ရင် ကိုရတုက သူ့၀န်ထမ်းတွေကို ငေါက်မည်စိုးရသည်လေ....

"ဟယ် မင်းသားလေး ရောက်နေတယ်"
မနီလာက ချက်ချင်းအနားရောက်လာပြီး သားသားနဲ့ ဆော့တော့သည်။သူစိမ်းနဲ့လည်း နေတတ်တဲ့ မောင်ယံကတော့ တခစ်ခစ်နဲ့ ရယ်နေလေ၏။

"မနီလာ အပေါ်မှာ ပြီးသွားပြီလား"

"ပြီးသွားပြီ ဥာဏ်။ အပေါ်တက်တော့မလို့လား သားအဖ၂ယောက်"

"ဟုတ်"

ယံလေးကို ချီကာ အပေါ်သို့ တက်လာလိုက်သည်။ရုံးခန်းတံခါးကို ခေါက်တော့ ၀င်ခဲ့ပါ ဟု အသံထွက်လာသည်။

"ဂ ဂျား~~ဂူး~~"
သူ့သားအသံကြားလေတော့...

"ဟာ ဒယ်ဒီသားလေး လည်လည်ထွက်လာတာလား"
ဟုဆိုလျက် ထိုင်နေရာမှ ထလာပြီး ဥာဏ့်ဆီကနေ သားကို ခေါ်သွားသည်။

ရုံးခန်းထဲက sofaပေါ်မှာ ထိုင်လိုက်ပြီး သူ့သားကို မြှူနေကာ ဥာဏ့်ကိုတော့ ရှိသည်ဟုပင် မထင်။သားအဖ ၂ယောက် တွေ့မယ်...

"အဟမ်း"
မျက်နှာချင်းဆိုင် sofaမှာ ၀င်ထိုင်လိုက်ပြီး ချောင်းဟန့်လေတော့ ရတု က ဘာလဲဟူသောသဘောဖြင့် မေးဆတ်ပြသည်။

"ဒီလူကို ရှိတယ်လို့ရော ထင်ကြရဲ့လား"

"ဟော...စိတ်ကောက်ပြီ။သားသားရေ ပါပါးက သူ့ကို မခေါ်လို့ တို့သားအဖကို စိတ်ကောက်သွားပြီ"
သားက သူ့ဒယ်ဒီဘာပြောပြော သဘောတကျ တခစ်ခစ်ရယ်မြဲ...

မာနဖြင့် ထုဆစ်သောTempat cerita menjadi hidup. Temukan sekarang