Unicode
အမှောင်ထု ကြီးစိုးနေတဲ့ အခန်းငယ်ထဲမှာ တစ်ယောက်ထဲရှိနေသော်ငြား အသက်ရှုကြပ်နေသည်။စိတ်အစဥ်မှာ မင်းအဆင်ပြေရဲ့လား မင်းဘယ်လောက်အဆူခံနေရလဲ ဖုန်းဆက်ဖို့မပြောနဲ့ စာတစ်စောင်တောင်မပို့နိုင်တဲ့အထိ မင်းတစ်ယောက် အိမ်မှာ ဘယ်လိုအဆင်မပြေဖြစ်နေလဲ....စတဲ့စတဲ့ အတွေးတွေကသာ နေရာယူထားသည်။
#Ring ring#
မျှော်လင့်ချက်အပြည့်နဲ့ ဖုန်းမျက်နှာပြင်က contact nameကို ကြည့်လိုက်ပေမဲ့ ထင်ထားသူမဟုတ်ခဲ့..."Hello Mark"
"wednesdayကျရင် တင်ရမယ့်group assignmentမှာ မင်းလုပ်ရမယ့်အပိုင်းကို mailပို့ထားတယ်။တစ်ချက်စစ်လိုက်ဦး"
"okokငါ ကြည့်ပြီး လုပ်ထားလိုက်မယ်။ဘယ်နေ့ အချောသတ်မှာလဲ"
"deadlineက wednesdayဆိုတော့ Tuesdayလောက်ပေါ့"
"အင်း မနက်ဖြန် lecture ချိန်ပါလား"
"မပါဘူး ကျောင်းမလာလည်းရတယ်"
"thank you bro.Bye bye"
"ok.Bye"
Laptopကိုဖွင့်ပြီး mailစစ်လိုက်ချိန် Markပို့တဲ့ Mailအပြင် အခြားmailတစ်ခုပါ အသစ်၀င်နေသည်....
<ငါ ဖုန်းသိမ်းခံထားရတယ်။အခန်းထဲက ကွန်ပျုတာကို ကျေးဇူးတင်ရမယ်။ဒီကောင်ရှိနေလို့ တော်သေးတယ်။ဒီရက်ပိုင်း ပြန်လာဖို့က မဖြစ်နိုင်ဘူး။အစားကို အချိန်မှန်စား...အိပ်ရေးမပျက်စေနဲ့ မနက်ဖြန် ကျောင်းလာဖြစ်မယ် မထင်ဘူး...။ငါအဆင်ပြေတာမို့ မင်းလည်း အဆင်ပြေအောင်နေ။ချစ်တယ်>
"ငါလည်း ချစ်တာပေါ့ကွာ...."
အဆင်ပြေတယ်ဆိုတဲ့ မင်းစကားက မုသားမှန်း ငါသိတာပေါ့။ဖုန်းတောင် အသိမ်းခံရတယ်ဆိုထဲက မင်းဘယ်လိုလုပ် အဆင်ပြေမှာလဲ ဥာဏ်ရာ...မလိမ်တတ်ဘဲ လိမ်ပြန်ပြီ။ဒီရက်ပိုင်း ပြန်လာဖို့ မဖြစ်နိုင်ဘူးတဲ့လား ပစ္စည်းတွေ အကုန်သိမ်းပြီး ထွက်သွားရကတည်းက ဒီအိမ်လေးထဲကို မင်းပြန်ရောက်လာဖို့ မဖြစ်နိုင်မှန်း ငါမသိဘူးလို့ ထင်နေတာလား ဥာဏ်....
"Hello မာမီ"
"အင်း သားပြော အသံလည်းမကောင်းဘူး"