Part-21

5.9K 307 25
                                        

Unicode

ညက assignmentလုပ်ပြီးတော့ ၁၁ခွဲ..သတိရတာ လွမ်းတာတွေပေါင်းပြီး အိပ်မရတာနဲ့ ၂နာရီကျော်ထိနေမိသွားသောကြောင့် alarmမြည်နေပါသော်လည်း မျက်လုံးက မဖွင့်နိုင်..

"ရတု ထတော့လေ ကျောင်းသွားဖို့နောက်ကျတော့မှာဘဲ"

နားထဲ ၀င်လာတဲ့ ဥာဏ့်အသံ...ဥာဏ် ပြန်ရောက်နေတာလား...?

ကမန်းကတန်း ကုန်းထပြီး အခန်းထဲကပြေးထွက်တော့ ဘယ်သူမှ ရှိမနေ....
"ဥာဏ် ဘယ်မှာလဲ...?"

"မင်း နောက်မှာလေ"
၀မ်းသာအားရနောက်လှည့်ကြည့်တော့ ဘယ်သူမှရှိမနေ...

"မနောက်နဲ့လေ ဘယ်မှာလဲ ဥာဏ် ဥာဏ်...ငါခေါ်နေတယ်လေ...ဥာဏ်..."
မျက်စိရှေ့က မြင်ကွင်းတွေက တဖြည်းဖြည်းမှုန်၀ါးလာသည်။ဥာဏ် ဘယ်မှာလဲ....

"ဥာဏ်!!!"
ချွေးတွေရွဲနေပြီး အသက်ရှုမြန်ကာ ဟောဟဲစိုက်နေလေပြီ။

"ကျစ် အိပ်မက်မက်နေတာဘဲ..."

ငြီးစီစီဖြစ်နေတဲ့ ခန္ဓာကိုယ်ကို ရေပန်းအောက်၀င်ရပ်၍ သန့်ရှင်းစေသည်။ရေမိုးချိုး အ၀တ်အစားလဲပြီး အရင်ကအကျင့်အတိုင်း မီးဖိုခန်းဘက်၀င်ကာ..

"ဥာဏ် ငါပြီး....အာ s**t"
ကိုယ့်ကိုကိုယ် သတိပြန်ကပ်စေရန် တစ်ချက်ဆဲပေးလိုက်သည်။ဟိုရှာသည်ရှာလုပ်တော့ အိမ်မှာ အဆင်သင့်အလွယ်တကူ စားလို့ရတာ ပေါင်မုန့်ဘဲရှိ၏။ဥာဏ်မရှိတာနဲ့ လူလည်း ဖြစ်ချင်တိုင်းကို ဖြစ်နေတာဘဲ။ဒါတောင် ၂ရက်ဘဲရှိသေးတယ်....ကျောင်းသွားရင်း လမ်းက caféဘဲ ၀င်လိုက်တော့မည်ဟုသာ ဆုံးဖြတ်ရင်း လွယ်အိတ်လွယ် အိမ်တံခါးသေချာပိတ်ပြီး ထွက်လာခဲ့လိုက်သည်.....

နားကြပ်တပ်ကာ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။အကျင့်ပါနေတဲ့ လက်က သူ နားထောင်နေကြ I wanna grow old with youကို ဖွင့်လိုက်ချေပြီ။အလွမ်းထုထည်ကတော့ တော်တော်ကြီးနေတာ ဒီနေ့ မျက်နှာလေးမြင်ရရင် သိပ်ကောင်းမယ်...

Café၀င်တော့လည်း ယောင်မှားပြီး ၂ခွက်မှာမိသေးသည်။တော်တော် စိတ်နဲ့ ကိုယ်နဲ့ မကပ်ဖြစ်နေတာဘဲ....

အမှန်တော့ ရတု ဒီနေ့ Lectureချိန်က နေ့လည်လောက်မှ ရှိမှာ..တမင် ဥာဏ့်ကို ချောင်းဖို့ စောထွက်လာခြင်းပင်။ကျောင်း၀င်းထဲ ရောက်တာနဲ့ သုတ်ခြေတင်ပြီး ဥာဏ်တို့majorဘက်ကို ပြေးရသည်။ထောင့်တစ်ထောင့်မှာ နေရာယူပြီး သွားလာနေတဲ့ ကျောင်းသားကျောင်းသူတွေထဲ ချစ်သူကို လိုက်ရှာမိသည်...

မာနဖြင့် ထုဆစ်သောTahanan ng mga kuwento. Tumuklas ngayon