Part-23

6.3K 320 46
                                        

Unicode

25th December of 2013,

ရတုရဲ့ ၂၃နှစ်ပြည့်မွေးနေ့...

ဥာဏ့်စီက လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်က လွဲလို့ ဒီနှစ်လည်း ဥာဏ် ကိုယ်တိုင်ရောက်မလာခဲ့ပါ။ပြီးခဲ့နှစ်မွေးနေ့တုန်းကလည်း စာတစ်စောင်သာ ရောက်သည်။ကျောင်းပိတ်ရက်ဖြစ်နေတော့ အပြင်ထွက်ဖို့ လုံး၀မလွယ်တာမို့ ရတု နားလည်ပါသည်။ဥာဏ် ဘယ်လောက်တောင် အနေကြပ်နေလဲဆိုတာ ကိုသီဟ ဆီက တစ်ဆင့် သိနေရတာမို့ ဒီလို စာတစ်စောင့်ရောက်လာတာကိုပင် တော်သေးသည်ဟု ဆိုရမည်။

"မွေးနေ့တောင် အိမ်ပြန်မလာဘူးကွာ လူဆိုးလေး နေနိုင်တယ်"
မာမီရဲ့ အလိုမကျသလို ခပ်ချွဲချွဲပြောလိုက်တဲ့ စကားကြောင့် ရတုပြုံးမိသည်။

"အယ် ဥာဏ်လေးက စာပို့လိုက်တာဘဲ ဒီနှစ်လည်း"

ရတု ခေါင်းသာ ငြိမ့်ပြမိသည်။

"စာသွားဖတ်ပြီး ပြန်ထွက်လာခဲ့မယ်"
ဒီလောက်ဆို သူမ သိလိုက်ပြီ အခန်းထဲ၀င်ပြီး စာဖတ်ပြီး ငိုတော့မှာ ဒီကလေး...

"အင်း အရမ်းမငိုနဲ့နော်"
အပြုံးမမည်သော အပြုံးလေး ပြုံးပြရင်း အခန်းထဲ ၀င်သွားသည်။

<To my Baby,

ငါ့ကလေးလေးရေ Happy 23rd birthday။အနားမရှိပေးနိုင်တဲ့ အတွက် အကြီးကြီးsorryပါကွာ။ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ရပါစေ။အန်တီနဲ့ အန်ကယ် အတွက် လိမ္မာပြီး အားကိုးရတဲ့ သား တစ်ယောက်အဖြစ် ငါ့အတွက် ၂ယောက်မရှိနိုင်တဲ့ ချစ်သူ တစ်ယောက် အဖြစ် ရှိပေးပါ..... ချစ်တယ် အရမ်းလည်း လွမ်းတယ်။အခုတော့ ဦးရင်ဂိုရဲ့ အတောင်ပံပါရင် မင်းဆီကို ဆိုတဲ့သီချင်းက ရင်ထဲ ဒဲ့လာထိနေပြီ။မင်းသိလား အဲ့သီချင်းက သိပ်ကောင်းတာ။ကဲ ကဲ ထားပါလေ အဲ့ဒါ။နေကောင်းအောင်နေနော်။မွေးနေ့လက်ဆောင် အကြွေးမှတ်... အများကြီး ချစ်တယ် ကလေးလေးရေ...ပျော်ရွှင်စရာမွေးနေ့ပါ>

ရတု ကမန်းကတန်း အခန်းထဲက ပြေးထွက်ပြီး မာမီထိုင်နေတဲ့ ဘေးသွားထိုင်မိသည်။မာမီက အလိုက်တသိ ရတုကို ပွေ့ဖက်ပေးထားသည်...

မာနဖြင့် ထုဆစ်သောTahanan ng mga kuwento. Tumuklas ngayon