Part-10

7.3K 368 18
                                    

Unicode

ကမ်းခြေက ပြန်ရောက်တော့ အချိန်က မနက်၁နာရီခွဲနေပြီ။၂ယောက်လုံး ပင်ပန်းလွန်း၍ အ၀တ်တောင် မလဲနိုင်ဘဲ တန်းအိပ်လိုက်ကြသည်။အထူးသဖြင့် ရတု။သူက ပိုပင်ပန်းသည်။အသွားတုန်းက ဥာဏ်က အိပ်ဖြစ်လိုက်သေးတော့ တော်သေးသည်။ရတုက အသွားရော အပြန်ရော မနားရ။ဥာဏ်က ကားမမောင်းတတ်တော့ သူပိုပင်ပန်းမည်လေ။

မနက်နေရောင်ရယ် ဆောင်းရဲ့အအေးဒဏ်ရယ် နဂိုအကျင့်ရယ် ပေါင်းလိုက်တော့ ဥာဏ်တစ်ယောက် ဆက်အိပ်၍ မရတော့။အိပ်ယာကနေ ထတာနဲ့ ရတုကို ကြည့်တော့ စောင်မခြုံဘဲ ကွေးကွေးလေး အိပ်နေသည်။

စောင်ခြုံပေးပြီး မျက်နှာသစ်ဖို့ လှည့်ထွက်လိုက်ပင်မဲ့ ရတု တစ်ယောက် ခပ်တိုးတိုး ညဥ်းနေသည်မို့ ဥာဏ် တစ်ဖန်အခန်းထဲ ပြန်၀င်လာကာ မိမိ၏စောင်ကိုပါ ယူပြီး ရတုအပေါ် လွှမ်းပေးထားလိုက်သည်။ပြီးမှ မျက်နှာသစ်ရန် ထွက်လာခဲ့လိုက်သည်။

ဥာဏ် အစက ဒီအတိုင်း ချမ်းလို့ ညဥ်းတာလို့ လွယ်လွယ်တွေးလိုက်သော်ငြား မျက်နှာသစ် ၊ မနက်စာပြင်ပြီး အခန်းထဲပြန်၀င်သည်အထိ ရတု ညဥ်းနေဆဲ။တဟီးဟီးနဲ့ အဆက်မပြတ် ထွက်ပေါ်နေသည်။ဥာဏ် ကုတင်ပေါ် တက်ပြီး ရတုကို ခွကာ နေရာယူလိုက်သည်။ကုတင်က တစ်ယောက်အိပ်ဖြစ်နေတော့ ရတုဘေးနေရာလွတ်က မိမိ ၀င်ထိုင်လို့ရသည်အထိ မကျယ်လှသောကြောင့်။

နဖူးကို စမ်းတော့ ကိုယ်တွေပူနေသည်။ဖျားမှာပေါ့ မနေ့က သောင်ပြင်မှာ အနွေးထည်ကို ဥာဏ့်ကိုပေးထားသည့်အပြင် အပြန်လမ်းမှာလည်း အဲ့အနွေးထည်ကို ပြန်မ၀တ်ချေ။ဥာဏ် ကိုယ့်ခေါင်းကိုယ်သာ ထုပစ်လိုက်ချင်သည်။နွေးနွေးထွေးထွေး ၀တ်လာပါလို့ မှာရဲ့သားနဲ့ မေ့ပြီး အနွေးထည်မယူလာမိတဲ့ မိမိကြောင့်သာ ရတု ဖျားခြင်းဖြစ်သည်။

ရေချိုးခန်းထဲပြေးပြီ ရေဇလုံရယ် လက်ကိုင်ပု၀ါရယ် ယူပြီး ရတုကို အောက်ကုတင်ဆီ နေရာပြောင်းဖို့ လုပ်ရတော့သည်။အပေါ်မှာဆို သူ့ကိုပြုစုဖို့ မလွယ်လှသောကြောင့်။

"ရတု ရတု ထနိုင်လား"

"ငါ နေလို့မကောင်းဘူး ဥာဏ်~~"
ထွက်လာတဲ့ အသံက ခပ်တိုးတိုးရယ်...

မာနဖြင့် ထုဆစ်သောWhere stories live. Discover now