Part-24

5.9K 295 21
                                    

Unicode

လမ်းခွဲပြီး နောက်နေ့...

"ဟက် ထွက်ပြေးသွားပြီ။သေချာတောင် နှုတ်မဆက်သွားဘူး"
သေသပ်စွာ သိမ်းထားတဲ့ အိပ်ယာကို ကြည့်ရင်း နာနာကျင်ကျင်ပြောမိသည်။

မျက်နှာသစ်၊မနက်စာကို ပေါင်မုန့်တစ်ချပ် ကော်ဖီတစ်ခွက်နဲ့ ပြီးစေပြီး နောက်နေ့ fieldဆင်းဖို့ ပြင်ရန် အခန်းထဲ ပြန်၀င်လာလိုက်သည်။

ဟုတ်သည်။ရတုက ကျောင်းမှာ professorတွေ အားကိုးရတဲ့ လူနည်းစုထဲက တစ်ယောက်ဖြစ်လာပြီ။ထို့ကြောင့် အသည်းကွဲနေပင်မယ့် လုပ်စရာရှိတာတော့ လုပ်ရဦးမည်လေ။

တင်ရမယ့် projectတွေ assignmentတွေ ဒီနှစ်ထဲ internshipဆင်းဖို့ ကိစ္စတွေ internshipပြီးရင် အလုပ်၀င်ဖို့....စဥ်းစားကြည့်ရင် အသည်းကွဲဖို့ရန် အချိန်မရှိသလောက်ပင်။

#Ring ring ring#

"Hello"

"မာမီလာဖို့ လိုသေးလား"

"ရတယ် မာမီ။သား မနက်ဖြန် Fieldဆင်းဖို့ သွားရမှာ။အဆင်ပြေတာမို့ ဘာမှ စိတ်မပူနဲ့"

"အင်း အခု အထုပ်အပိုး ပြင်နေတာပေါ့"

"ဟုတ်တယ်။projectအတွက်လည်း တာ၀န်ယူထားတဲ့ အပိုင်းကို အပြီးသတ်ရဦးမယ်။ဒါဘဲနော်"

"ok သား bye bye"

လေပူအချို့ကို ဟူးခနဲ မှုတ်ထုတ်ရင်း လုပ်စရာရှိတာ လုပ်ရသည်။

သတိမရအောင် နေမယ်
လွမ်းနေဆွေးနေဖို့ အချိန်မရှိဘူး။
အချိန်ရှိရင်တော့ မင်းနာမည်လေး ထိုင်ရွတ်နေမယ်။

~°~°~°~°~°~°~°~°~°~°~°~°~°~°~°~°
စာသင်နှစ်ပြန်စချိန်မှာ ကြုံရတဲ့ ပြဿနာက တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့တိုင်း မသိချင်ယောင်ဆောင်ရတာဘဲ...

"မောင်"
နောက်၃ ၄လနေရင် စေ့စပ်ရတော့မယ့် မိန်းကလေးရဲ့ ချွဲပြစ်ပြစ်အသံက တစ်စုံတစ်ယောက်အသံကဲ့သို့ ကြားရုံနဲ့ ပြုံးစေနိုင်စွမ်းမရှိပါ။

"မောင် လို့ဆို"

"အင်း ပြော"

"internshipကို ပါး က သူ့အသိcompanyမှာ ဆင်းတဲ့"

"ကိုယ်မလုပ်ချင်ဘူး"

"ဘာလို့လဲ။အဆင်ပြေပြေနဲ့ internshipဆင်းရမယ့် ဟာကို"

မာနဖြင့် ထုဆစ်သောWhere stories live. Discover now