Part-15

6.4K 298 22
                                    

Unicode

ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့...။ရတု ဖြေတာ စောပြီးသောကြောင့် ဥာဏ့်အဆောင်ရှေ့မှာ ဥာဏ့်ကို လာစောင့်နေဖြစ်သည်။ချစ်သူက အချိန်ပြည့်များဖြေဖို့ စိတ်ကူးထားလားမသိ အခုထိကို ထွက်မလာသေး။

"ဥာဏ် ဒီမှာ!!"
လက်ပြရင်း အော်ခေါ်လိုက်လေတော့ ဥာဏ့်ဘေးနားက အမိရဲ့ မျက်နှာက ပုပ်သိုးသွားတော့သည်။

"အစောကြီး ပြီးတာလား။ဖြေနိုင်လား ရတု"

"အင်း ဖြေနိုင်တယ်။မင်းရော?"

"အေးဆေးပါကွ"
၂ယောက်သား စကားကောင်းနေတာ ဘေးကမျက်နှာပျက်နေတဲ့ သွယ့်ကို အဖတ်ပင်မလုပ်ကြ။

"အဟမ်း မောင်။သွယ် messageပို့လိုက်မယ်နော်။ပြန်တော့မယ် Byebye"
ဟုဆိုကာ ဥာဏ့်ပါးကို နမ်း၍ ရတုကို မဲ့ပြုံးပြုံးပြသွားသည်။သူ့လောက်များ ရတု အိပ်နေသလောက်ဘဲ ရှိတာပေါ့...

"သွယ် ခဏ!"
ရတု လှမ်းခေါ်လိုက်တော့ သွယ်ကလည်း ထွက်သွားရာကနေ ရပ်ပြီးလှည့်ကြည့်လာသလို ဥာဏ်ကလည်း ဘာလုပ်မလို့လဲဆိုတာ အကြည့်နဲ့ လှည့်ကြည့်လာသည်။

ရတုကတော့ အေးဆေးစွာ ဥာဏ့်မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီး နှုတ်ခမ်းပေါ်သို့ အနမ်းခြွေပြလိုက်သည်။ပြီးမှ သွယ့်ဘက်ကို လှည့်ကာ အောင်နိုင်သူအပြုံးကြီး ပြုံးပြလိုက်တော့၏.....

"I'm winner"
နှုတ်ခမ်းလှုပ်ရုံပြောလိုက်တဲ့ စကားကြောင့် အံကိုတင်းတင်းကျိတ်ပြီး သွယ်တစ်ယောက် ကျောခိုင်းသွားတော့သည်။

"ငါက မင်းတို့၂ယောက်ရဲ့ ကစားစရာလား"

"မဟုတ်ပါဘူး ဥာဏ်ရာ...စိတ်မဆိုးပါနဲ့ နော်...please"
ရတုပြောကာမှ ဥာဏ်တစ်ယောက် ရုပ်တည်ကြီးနဲ့ အိမ်ပြန်ရန် ထွက်သွားလေသည်။စိတ်ဆိုးသွားပြီ.....

"Hey wait!!"
ရတု တစ်ယောက် အာပြဲလျှာပြဲနဲ့ အော်ရင်း ဥာဏ့်နောက်လိုက်ရလေပြီ....

ကမန်းကတန်းပြေးလိုက်၍ မှီသွားတော့မှ ဥာဏ့်လက်ကို ဆွဲရင်း...
"စိတ်ဆိုးသွားတာလား"

"မဆိုးဘူး"
လေသံအရတော့ အတော်ဆိုးနေပုံပင်...

"လာပါကွာ။လျှောက်လည်ရအောင် စာမေးပွဲလည်း ပြီးပြီကို"

မာနဖြင့် ထုဆစ်သောWhere stories live. Discover now