E-5💕

8.7K 389 46
                                    

Unicode

"ကဲ ဒီညတော့ ကြားထဲမှာ ဘာမှမခံနေတော့ဘူးကွာ"
သားက သူ့ရဲ့ပုခက်လေးထဲ အိပ်နေပြီမို့ ရတု အပျော်လုံးဆို့ပြီး လက်သီးလက်မောင်းဆန့်တန်း၍ ကျုံး၀ါးကာ တက်ကြွနေပါသော်ငြား ဥာဏ်က ငေါင်းစင်းစင်းနဲ့ ကုတင်ဘောင်ကိုမီကာ ထိုင်နေသည်။ပုံစံကြည့်ရတာတော့ တစ်ခုခုကို တွေးပြီး စိတ်ညစ်နေပုံပင်...

"ဥာဏ်"

"ဟင် အင်း ဘာဖြစ်လို့လဲ"

"အိပ်မယ်လေ။သားလည်း အိပ်နေပြီကို"

"ရတု"
ကိုယ့်နာမည်ကို ခေါ်ကာ အားကိုးတကြီးဖက်တွယ်လာသည်။ဘာတွေဖြစ်နေလို့လဲ ဥာဏ်ရယ်....။အစထဲက ခန္ဓာကိုယ်က ပိန်ရတဲ့ထဲ သားကိုဘဲ ဂရုစိုက်နေတာကြောင့် ပိုလို့တောင် ပိန်သွားတဲ့ ခန္ဓာကိုယ်လေးကို တင်းကြပ်စွာပွေ့ဖက်လို့....

"ဘာတွေစိတ်ညစ်နေလဲ ကိုယ့်ကို ပြောလေ"

"ငါလေ သားကို pre-schoolလည်းထားချင်ပြီ။ဒါပေမဲ့ ကြောက်လည်း ကြောက်တယ်"

"သားက အခုမှ ၁နှစ်ပြည့်ရုံလေ မထားလည်းရပါသေးတယ်"
ဥာဏ်တစ်ယောက် ရင်ခွင်ထဲကနေ ရုန်းထွက်ပြီး ရတုနဲ့မျက်နှာချင်းဆိုင်ကာ ထိုင်သည်။

"အမှန်ဆို ၆လထဲက ထားချင်နေတာ"

"အဲ့တာက ဟုတ်ပါပြီ။ဘာကို ကြောက်နေတာလဲ အချစ်ရဲ့"
သူ့လက်ကို ကိုင်လိုက်ပြီး မေးလေတော့ ခေါင်းငုံ့ကာ...

"အဖေ၂ယောက်ရှိနေလို့...သားကို ငါတို့ကြောင့်နဲ့ ၀ိုင်းပြောကြမှာမျိုးကို တွေးမိရုံနဲ့ ငါသားကို အသက်ဆက်မကြီးစေချင်တော့ဘူး။ငါတို့ကို ထိုးနှက်တာ ငါခံနိုင်ပေမဲ့ သားကို ထိုးနှက်လာမှာတော့ ငါကြောက်တယ် ရတု။သားက သိတတ်တဲ့အရွယ်ရောက်လို့ ငါတို့၂ယောက်ကို လက်မခံပေးမှာလည်း ကြောက်တယ်"
တွေးပူတတ်တာ လွန်ပါရော....

"ဥာဏ် ကိုယ့်ကိုကြည့်.....မင်းတို့၂ယောက်ကို ဘာမှမထိခိုက်အောင် ကိုယ်က ကာကွယ်မှာပါ အချစ်ရယ်..ပြီးတော့ အပြစ်ပြောမယ့်သူရှိရင် ပြောပါစေ မောရင် တိတ်သွားမှာပေါ့။နောက်ပြီး သား....ကိုယ်တို့သားက လိမ္မာတဲ့ ကလေးပါကွာ။ကိုယ်တို့ရဲ့ အချစ်တွေမေတ္တာတွေကို သူသိနေပါပြီ။မပူနဲ့ သားက ကိုယ်တို့၂ယောက်လုံးကို ချစ်တယ်။အချစ်ကိုဆိုပိုတောင် ပိုဦးမယ်...သူ့ပါပါးကို သားက သိပ်ချစ်တယ်ဆိုတာ သိရဲ့သားနဲ့"
အဆုံးသတ်မှာ ရတုက သားပုခက်ရှိရာဆီ လှမ်းကြည့်ပြီး ပြုံးလိုက်သည်။

မာနဖြင့် ထုဆစ်သောDonde viven las historias. Descúbrelo ahora