Part-5

7K 358 20
                                    

Unicode

အချစ်ဆိုတာ ဘာလဲ??
စာတွေ ကဗျာတွေ ရုပ်ရှင်တွေ သီချင်းတွေထဲမှာ ပါသလို ပေးဆပ်တာတွေ ရယူတာတွေ....
တစ်ဖက်လူပျော်နေဖို့အရေးကြီးတယ်တို့ ဘာတို့....
အဲ့တာမျိုးတွေလား??

အချစ်ဆိုတာ ကျွန်တော့်ကို နွေးထွေးစေတာမျိုးလား။ဖေဖေမေမေတို့လိုမျိုး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပြီး ပျော်ရွှင်ရတာမျိုးလား..

ကျွန်တော့်အချစ်က သွယ်လား?

"ဥာဏ် ဘာတွေ တွေးနေတာလဲ။Professorလာတော့မယ် စာအုပ်ထုတ်ထားတော့လေ"
မနေ့က ဖွင့်ပြောထားတာ သူမဟုတ်တဲ့အတိုင်းဘဲ။ပေါ့ပါးစွာနဲ့ ကျွန်တော့်ကို စကားပြောနေသည်။

မနေ့ကလည်း ဘာလုပ်သင့်လဲဆိုတာ တောက်လျောက်စဥ်းစားနေမိသလို အခု စာသင်ခန်းထဲထိုင်နေတဲ့ အချိန်ထိလည်း တွေးနေမိတုန်းပါဘဲ။သူမကတော့ စာအုပ်ဖွင့်ကာ အရင်တပတ်က နောက်ဆုံးသင်သွားတဲ့ သင်ခန်းစာကို ထိုင်ဖတ်နေသည်မှာ အေးအေးဆေးဆေး။

"သွယ် အတန်းပြီးရင် စကားပြောရအောင်"

"ဟင် ဟို မနေ့ကကိစ္စအတွက်လား ဥာဏ်"

ကျွန်တော် ခေါင်းသာငြိမ့်ပြလိုက်ပါသည်။သူမကတော့ ပြုံးကာ ရှေ့လှည့်သွားသည်။professorက ရောက်လာပြီမို့ စာကိုသာ အာရုံစိုက်ထားလိုက်သည်။

လှေကားကနေတက်လာလိုက်ပြီး ၃ထပ်မြောက် လူရှင်းတဲ့နေရာမှာ စကားပြောဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်..

"သွယ်"

"အင်း ဥာဏ် ပြော။ဥာဏ့်ဆီက ဘာအဖြေဖြစ်ဖြစ် သွယ် ကျေကျေနပ်နပ်ကြီးလက်ခံမယ်"

"အင်း။ကျွန်တော်ပြောမယ် သွယ်နားထောင်။ပြီးရင် သွယ်ဘဲဆုံးဖြတ်ပါ"

"Ok"

"ကျွန်တော် မချစ်ဖူးဘူး။အချစ်က ဘာလဲ သေချာမသိဘူး။အပျော်ရည်းစားထားဖို့ တစ်ခါမှမတွေးခဲ့ဖူးသလို ကျွန်တော် လက်တွဲမယ်ဆိုရင်လည်း အတည်တကျဘဲ ဖြစ်ချင်တယ်။ကျွန်တော်အရင်ကလည်းပြောဖူးပါတယ် ကျွန်တော့်ဘ၀မှာ စာအုပ်တွေနဲ့ဘဲ အများဆုံးဖြတ်သန်းခဲ့တာ အဲ့တော့ အချစ်ဆိုတာ စာထဲမှာတော့ ဖတ်ဖူးတယ်။လက်တွေ့တော့ ၁၅၀၀နဲ့ ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး So..သွယ် ဘယ်လိုဆုံးဖြတ်ချင်လဲ။ဘာအတွေ့အကြုံမှ မရှိတဲ့ကျွန်တော့်လိုလူကို လက်တွဲချင်လား"

မာနဖြင့် ထုဆစ်သောWhere stories live. Discover now