Part-16

6K 299 18
                                    

Unicode

"ညီတို့ အကို ထိုင်လို့ရမလား။ပြောစရာလေးရှိလို့"

ဥာဏ်နဲ့ရတုတို့၂ယောက် Caféတစ်ခုမှာ ထိုင်ရင်းစကားပြောနေစဥ် အနားရောက်လာတဲ့ လူ။ အရပ်ထောင်ထောင်မောင်းမောင်း ရုပ်ဖြောင့်ဖြောင့်နဲ့ အသားအရည်က မိမိတို့၂ဦးလောက် ဖြူမနေပါသော်လည်း သူ့ဟာနဲ့သူကြည့်ကောင်းလွန်းလှသည်။ထိုသို့သော လူတစ်ယောက်က ထိုင်ရန်ခွင့်လာတောင်း၍ ၂ယောက်လုံးနည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်သွားသည်က အမှန်။ပြီးတော့ အသုံးပြုသွားသည်က မြန်မာစကားမို့ တစ်ယောက်မျက်နှာတစ်ယောက် ပြူးတူးပြဲတဲ ကြည့်မိကြသည်။

"အဆင်မပြေရင် ရပါတယ်။နောက်ကြုံမှပေါ့"

"မဟုတ်တာ ထိုင်ပါ ရပါတယ်။အကို့ကို မြင်ဖူး အာ...ဟုတ်ပြီ သွယ်နဲ့ဟိုတစ်ခါ အိမ်သွားတုန်းက ကားမောင်းတဲ့အကို right?"
မြင်ဖူးပါတယ် ဆိုပြီး ဥာဏ်ကြည့်နေတာ....လက်စသတ်တော့ သူဖြစ်နေတာဘဲ။

"ဟုတ်ပါတယ်။အကို ပြောစရာလေးရှိလို့ ညီတို့နဲ့ တူတူထိုင်လို့ရမလား"

"ရပါတယ် အကို။အားနာစရာမှတ်လို့"

သဘောတွေကောင်းပြီး ထိုင်ခွင့်​ပေးနေတဲ့ ဥာဏ်ကြောင့် ရတု ထိုခပ်သန့်သန့်လူ အား အူပုပ်လို့နေပြီ။ရတု ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်ထားတာ ဒီလူက အရပ်လည်း မိမိထပ်ပိုမြင့်သလို လူကြီးလူကောင်းဆန်ကာ ပိုကြည့်ကောင်းသည်။ယောကျ်ားလေးချင်းတောင် အားကျမိသည်အထိ ဒီလူက လူကြီးလူကောင်းပုံစံနဲ့ တကယ်မိုက်သည်။

ထိုင်ကာ စကားပြောဖို့ အားယူနေဟန်ရှိသော ထိုလူကြောင့် ရတု မနေနိုင်စွာစကားစမိသည်။
"ဟို ဘာကိစ္စလည်း မသိ"
ထိုအခါကျမှ...

"အကိုက သွယ့်ကိုအမြဲအကြိုအပို့လုပ်ပေးရတဲ့ သွယ့်အဖေရဲ့အတွင်းရေးမှုးပါ။သွယ်နဲ့မောင်နှမလို ဆိုလည်းမှန်တယ်။ကိုယ့်နာမည် သီဟ။ညီတို့ကို သတိပေးစရာလေးရှိလို့"

ရတုနဲ့ဥာဏ်တို့ ၂ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်ခုံးပင့်မိကြသည်။

"ညီတို့ သွယ့်ကို လျော့မတွက်ရင်ကောင်းမယ်။သူက မင်းတို့ထင်တာထပ် ပိုပြီး ရှုပ်ထွေးတဲ့ မိန်းကလေးမျိုး။ညီတို့ကို ဘယ်အချိန် ဘယ်လိုဒုက္ခပေးမယ်ဆိုတာ အကို အတိအကျမသိပင်မဲ့ သူမင်းတို့၂ယောက်ကို မကွဲကွဲအောင် ခွဲမှာတော့ အကိုသိတယ်"

မာနဖြင့် ထုဆစ်သောحيث تعيش القصص. اكتشف الآن