Part-31[Final]

15.8K 433 43
                                    

BGM - From me To you{By:Davichi}

Unicode

"လူကြီးတွေကို အပေါ်ထပ်မှာ နေခိုင်းလေ ရတုရာ..."
ဒီစကားက အိမ်သစ်ကို ပစ္စည်းစရွှေ့တဲ့နေ့ထဲက ပြောနေတာ အခု ပစ္စည်းတွေတောင် နေရာတကျဖြစ်နေပြီ ဥာဏ်ကတော့ ပြောနေဆဲ....

"မာမီ့ သမက်ကို မာမီဘဲ ပြောလိုက်တော့"
အခန်း၀က ဖြတ်သွားတဲ့ မာမီ့ကို တပ်ကူလှမ်းတောင်းရတော့သည်။

"အသက်တွေကြီးတော့ လှေကားမတက်ချင်လို့ပါသားရယ်"

"အဲ့လောက်မှမကြီးသေးတာ"
မာမီက သဘောတကျရယ်ရင်း ဥာဏ့်ခေါင်းလေးကို ဆွဲဖွသွားသည်။

"နားကြတော့ ပစ္စည်းတွေလည်း နေရာကျပြီမလား"

"ဟုတ် မာမီ"

ရတု အိပ်ယာပေါ် ဘုန်းခနဲ ပစ်လှဲကာ အပျင်းကြောဆန့်နေလေတော့ ဥာဏ်က ကုတင်ဘေးမှာ မတ်တပ်ရပ်ရင်း ကြည့်လာသည်။

"ညောင်းလို့လား"

"အင်း"

"ထ ထိုင် နှိပ်ပေးမယ်"
မခံချင်ရှာသူ ရတုက ချက်ချင်း ထိုင်ပြီးနေပြီ။

ဥာဏ်က အတော်လက်ပေါက်သည်ဟု ဆိုရမည်။တင်းနေတဲ့ အကြောတွေ တော်တော်ပြေသွားပြီး လူကလည်း အိပ်ချင်လာသည်။၀ှားခနဲ သန်းတော့ အချစ်က ခပ်ဟဟရယ်၏။

"ဒီရက်ပိုင်း ပစ္စည်းတွေရွှေ့နေရတာနဲ့ ပိတ်ရက်လည်း ကောင်းကောင်းမနားရဘူး"
ရတု ညဥ်းလေတော့ ဥာဏ်က နှိပ်ပေးနေရာကနေ သိုင်းဖက်လာသည်။

"အခု နားလို့ရပြီ နားတော့"

"ချော့သိပ်"

"ဟော...ကလေးလား"
ရတုတစ်ယောက် နှုတ်ခမ်းကြီးထော်ပြီး မျက်နှာက ရှုံ့မဲ့လာသည်။

"လှဲ နေရာတကျ"
ရတု လှဲပြီးတာနဲ့ ဥာဏ်က ရတုရဲ့ ဘယ်ဘက်လက်မောင်းပေါ် ခေါင်းအုံးပြီး မျက်နှာချင်းဆိုင် လှဲနေလိုက်သည်။

"မျက်လုံးမှိတ်"

မျက်လုံးမှိတ်သွားတာနဲ့ ရတု ရင်ဘတ်ပေါ် လက်လေးတင်ပြီး အသာပုတ်ပေးနေမိသည်။မကြာလိုက် ရတု အိပ်မပျော်ဘဲ ဥာဏ် အိပ်ပျော်သွားသည်....

မာနဖြင့် ထုဆစ်သောWhere stories live. Discover now