B-Hyung......ကျနော်ဒီနေ့ကျောင်းသွားမယ်နော်..
ကျနော်နေမကောင်းတာနဲ့ကျောင်းမသွားတာ၎ရက်ခန့်ရှိပြီ........ဒီအတောအတွင်းHyungကိုယ်တိုင်သေချာဂရုစိုက်ပေးကာ....တဖွဖွတောင်းပန်စကားပြောလွန်းလို့လူကအနေခက်လှပါပီ........
ကျနော်ကရပါတယ်လို့ပြောတိုင်း......ကိုယ့်ညီလေးမို့ဆိုတဲ့စကားကကျနော့်အတွက်အကြိမ်ကြိမ်သေစေနိုင်သောလက်နက်ဆိုတာမသိသည့်အတိုင်းhyungကလက်ကိုင်ထားကာပြောနေကြ........
Chan-မသွားပါနဲ့ဦး......ခုပဲသောကြာနေ့ရောက်နေပြီ...နောက်အပတ်ဖွင့်ရက်မှပြန်တက်.....
B-ဟုတ်......
Chan-ဒီကြားထဲလွတ်သွားတဲ့စာတေကတော့လုံးငယ်သူငယ်ချင်းတေကူးပေးထားတယ်ပြောတယ်..ကိုယ်ညနေအလုပ်ပြန်မှကျောင်းကဝင်ယူပေးမယ်.....
B-Nae.......
Chan-အိမ်မှာလည်းအေးဆေးနေခဲ့ဦးမတည့်တာတေမစားနဲ့ရေလည်းမချိုးနဲ့ဦး.....
Chanyeolစာရွက်စာတမ်းတချို့ကိုအိပ်ထဲထည့်နေရင်းမှာစရာရှိတာမှာနေသည်ကိုစောင်ခြုံထဲကမထပဲနားထောင်နေသည့်ကလေးငယ်........တခါတလေဆိုဒီကလေးသိပ်ချစ်ဖို့ကောင်းတာသူဝန်ခံပါသည်လေ.......
Chan-အာ့ဆိုHyungသွားမယ်......လိုတာရှိရင်phဆက်...အပြန်ဝယ်ခဲ့ပေးမယ်.....
B-ဟုတ်ကဲ့........အာ......hyungခန.....
အခန်းတံခါးဖွင့်ကာထွက်မည်အပြုလှမ်းတားလိုက်သောလုံးငယ်ကြောင့်Chanyeolရပ်နေမိတော့....စောင်ပုံထဲကပြေးထွက်ကာ.....Chanyeolနဖူးကိုခြေဖျားလေးထောက်ကာနမ်းလိုက်ပါသောလုံးငယ်ကြောင့်.....အနဲငယ်ကြောင်နေမိသည်..........လုံးငယ်ကသူ့ကိုအလှပဆုံးအပြုံး...နူးညံ့ မှုအပြည့်အဝပျော်ဝင်နေသောမျက်လုံးများဖြင့်ရွှင်ရွှင်စာစာလေးကြည့်ကာ.......
B-ကျနော့်ကိုနာလည်းပေးလို့.....ပြီးတော့hyungကျနော့်ကိုစိတ်မပျက်သွားပဲဂရုစိုက်ပေးလို့...........
Chan-အာ.....ကိုယ့်ညီလေးပဲဟာ....ဒါပေမဲ့နောက်ခါဆိုhyungကမရိုက်တော့ဘူး.....အာ့အတွက်လုံးငယ်ကကြိုးစားပေးနော်....ဖြေးဖြေးမှန်မှန်လေးနဲ့စာကိုကျက်ပေး.........
Hyungရဲ့ညီဆိုသောအသုံးကြောင့်အနဲငယ်ပျက်ယွင်းသွာသောမျက်နှာကိုချက်ချင်းပြန်ပြင်ကာ....hyungမျက်လုံးကိုတည့်တည့်ကြည့်ပြီး.....
B-hyung......အများကြီး.....တကယ်အများကြီး....ကျနော်ချစ်တာနော်......
လက်နှစ်ဖက်ကိုဝိုက်ကာဝိုက်ကာနှုတ်ခမ်းလေးစုလိုက်ချွန်လိုက်ပြောနေသောကလေးငယ်.......
Chanyeolလည်းဘာပြန်ပြောရမလဲမသိဖြစ်ကာ....လက်ပြပြီးထွက်လာမိတော့သည်........
မင်းအရမ်းဆိုးတယ်လုံးငယ်......မင်းရဲ့အပြုအမူလေးတေကငါ့ကိုပြုစားနိုင်လွန်းတယ်...
ကြာရင်ငါ့နှလုံးသားကမင်းအတွက်ဖြစ်လာမိမှာကိုငါစိုးတယ်.....သဲကိုအားနာလို့.........
တဖြေးဖြေးပဲငါ့နှလုံးသားလေးကိုဆွဲယူပါ.......ရုတ်တရက်ကြီးမင်းကိုချစ်ရမှာငါလိပ်ပြာမလုံဘူး...........ငါ့ကိုကြိုးစားခွင့်ပြုပါ.......Baekhyun....ဘာစကားတခွန်းကိုမျအဖက်လုပ်ကာပြန်မပြောသွားသောhyungကိုကြည့်ကာမျက်ရည်များအလိုလိုစီးကျလာသည်.........
B-hyungရယ်.....ကျနော်ကအတင်းကြီးပြန်မချစ်ခိုင်းပါဘူးဗျာ......hyungချစ်ရသူနေရာကိုလည်းကျနော်မရောက်နိုင်မှန်းသိပါတယ်......ဟက်.....ကျနော့်အဖြစ်ကလည်းအနားရှိနေပေမဲ့နှလုံးသားချင်းဝေကွာနေတာပါလား......နာကျင်လှပါပီဗျာ......ညီ....တခါလာလည်းညီ....အာ့လိုအတွေးတွေတွေးနေတဲ့hyungကိုလည်းမုန်းချင်သလို့hyungချစ်ရတဲ့သူကိုလည်းမနာလိုလိုက်တာ....ကံတရားကကျနော်ကိုမျက်နှာသာပေးသလိုလိုနဲ့ပုတ်ချလိုက်တာကရိုက်ချက်ပြင်းလွန်းပါတယ်ဗျာ........
အခန်းတံခါးဝဝယ်ထိုင်ကာ....ဝမ်းနည်းတကြီးရေရွတ်နေသောကောင်လေးရှိသလို.....အခုန်မြန်နေသောနှလုံးသားလေးကိုသိတတ်မှု...အားနာမှုရှိတတ်အောင်သင်ကြားနေသောကောင်းလေးလည်းရှိနေလေသည်...........
ဆက်ရန်...............
YOU ARE READING
Marriage with လုံးငယ် (Season 1)
FanfictionChanyeol-ငါ့မှာရည်ရွယ်ထားတဲ့သူရှိတယ်လေကွာ....လုံးငယ်အာ့တော့မင်းဘက်ကငြင်းပေးပါ... Baekhyun-Hyung Chan..ကိုကျနော်ကိုယ်တိုင်လည်းချစ်သလို..ကျနော်ommaကိုလည်းစိတ်ချမ်းသာစေချင်တယ်...အာ့တော့ကျနော်လုံးဝမငြင်းနိုင်ဘူး....ကျနော်H...