အပိုင်း - ၃

35.5K 4.9K 72
                                    

{Zawgyi}

·ဘေဘီ.. နေ့လည်စာအတူစားချင်လား?·

မနက်ပိုင်းသချာင်္ချိန်နှစ်ချိန်အတွင်းမှာ ကျီလျောင်သင်ပေးတဲ့စာတွေကို သေးသေးလေးတောင် အာရုံမစိုက်နိုင်ခဲ့ဘူး။

ပထမအချက်ကတော့ သချာင်္ကို စိတ်ကိုမဝင်စားတာကြောင့်ဖြစ်တယ်။ နောက်ဒုတိယအချက်ကတော့ ဟဲ့ချန်းမင်သူ့ကို WeChatကနေပို့ပေးလိုက်တဲ့ နောက်ထပ်စာကြောင့်ဖြစ်တယ် : ဘေဘီ၊ နေ့လည်စာအတူစားကြမလား?

ကျီလျောင် “ဘေဘီ”ဆိုတဲ့စကားကြောင့် ထိတ်လန့်ပြီး မျက်နှာတောင်ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်းက လုံးဝကိုပျက်စီးသွားခဲ့ရတယ်။

ယောကျာ်းကြီးတစ်ယောက်က ဘေဘီလို့ခေါ်တာကို သူဘယ်လိုfeelပေးရမှာလဲ?

လောကကြီးတစ်ခုလုံးက အတုယောင်ကြီးများလားလို့တောင် ကျီလျောင်ခံစားလာရတယ်…

နားချိန်ရောက်တော့ ကျီလျောင်လူအုပ်ကြီးနောက်ကနေ အားကစားကွင်းကို လိုက်လာတယ်။ သူ့ရဲ့သူငယ်ချင်းကောင်းယုကျင်းက နောက်ကပြေးလိုက်လာပြီး သူ့ပုခုံးပေါ်လက်တင်ကာ မေးလာတယ် “ဒီနေ့မင်းကိုကြည့်ရတာ စိတ်တွေလွတ်နေသလိုပဲ၊ စာသင်ချိန်တစ်ချိန်လုံးလည်း စိတ်ရှုပ်နေပုံပေါက်နေတယ်… ဘာတွေဖြစ်နေတာလဲ?”

အဲ့နောက် ပြီတီတီရုပ်နဲ့ ကျီလျောင်ကိုကြည့်ကာ “မနေ့ညက မင်းဟိုဒင်းလုပ်တာများသွားလို့ မင်းရဲ့ကိုယ်က စိတ်သွားတိုင်းကိုယ်ပါမဖြစ်နိုင်တာလို့တော့ မပြောနဲ့နော်?”

ကျီလျောင်နဲ့ ယုကျင်းက ငယ်ငယ်တည်းက အတူကြီးပြင်းလာကြတာဖြစ်လို့ အချိန်တွေကြာလာတော့ သူ့ရဲ့ “ညစ်တီးညစ်ပတ်အသုံးအနှုန်း”ကို ခံနိုင်ရည်ရှိလာပြီဖြစ်တယ်။ သူ့ကိုဘာမှမပြောဘဲ တစ်ချက်သာကြည့်ပြီး အာရုံစိုက်မနေတော့ဘူး။

“ဟေ့ကောင်… မင်းကလေးစားသမှုလေးတောင် မရှိပါလား” အာရုံစိုက်မခံရမှန်း ခံစားမိတာကြောင့် ယုကျင်းနှုတ်ခမ်းတွေ တွန့်ကွေးသွားပြီး ကျီလျောင်ပုခုံးပေါ်က လက်ကိုပြန်ရုတ်လိုက်တယ်။ တချိန်တည်းမှာပဲ ဆက်ပြောတာက “ကျီလျောင် ငါမင်းကိုပြောမယ်… မင်းဒီလိုသာလုပ်နေမယ်ဆိုရင် အနာဂတ်မှာ မင်းရည်းစားတောင် ရှာနိုင်မှာမဟုတ်ဘူးကွ!”

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now