အပိုင်း - ၆၆

9K 1.6K 22
                                    

{Zawgyi}

•ကျောင်းလူဆိုးကြီးက အဆူခံနေရတာလား?•

ဟဲ့ချန်းမင် သူ့နှာခေါင်းထိပ်ကိုတို့ကာ ချက်ချင်းနောင်တရသွားတယ်။ အဲ့တာတွေမဟုတ်ဘူးလား...

ကျီလျောင့်ကိုကြည့်ရင်း သူအိမ်ပေါ်ကဆင်းလာတဲ့ဟာကို ဘယ်လိုရှင်းပြရမှန်းမသိဖြစ်နေတယ်။

ဟဲ့မိသားစုကြီးက ထက်မြက်ပြီးသေသပ်ပုံပေါ်ပေမယ့် တကယ့်တကယ်အတွင်းထဲမှာ ပုပ်အက်နေတာကြောင့်လို့ပြောရမလား? အရင်တုန်းက ခံစားခဲ့ရတာတွေ၊ နာကျင်ခဲ့ရတာတွေကို ကျော်ဖြတ်ပြီးသွားပြီဖြစ်လို့ နောက်ထပ်အစပြန်မဖော်ချင်တော့ဘူး။ ပြောရမှာလည်း အဓိပ္ပါယ်မရှိတော့သလို တဖက်ကောင်လေးကိုပဲ ရင်နာအောင်လုပ်သလိုဖြစ်နေလိမ့်မယ်။

ဟဲ့ချန်းမင် ကျီလျောင့်ကိုနည်းနည်းခွာကာ မသိမသာစကားလမ်းကြောင်းလွှဲဖို့လုပ်တယ်။ "ဟုတ်တယ်၊ ကိုယ်ဆင်းလာတာကြာလှပြီ... မင်းလည်းရောက်ဖူးတာပဲ မဟုတ်လား?"

ဒါကိုကြားတော့ ကျီလျောင်မျက်မှောင်ကြုတ်သွားပြီး သူ့ကိုတွန်းလိုက်တယ်။ "အဲ့တာက တူမလား?"

သူ့ကိုအရူးလုပ်ဖို့ ကြိုးစားနေပြန်ပြီ! သူဒီလောက်တောင် တုံးနေလို့လား?!

ကျီလျောင် ဒေါသထွက်နေတာကြောင့် အသံကမသိမသာကျယ်လာတယ်။

အတန်းဆယ့်နှစ်ကကျောင်းသားတွေက အရမ်းကိုအတင်းအဖျင်းသိချင်သူတွေဖြစ်တာကြောင့် အသံသေးသေးလေးဖြစ်ဖြစ် ကြားရအောင်ပြတင်းပေါက်နားကို အသည်းအသန်တိုးနေကြတယ်။

ကျောင်းလူဆိုးကြီးက အဆူခံနေရတာလား?!

ဖာ့ခ် ဒီသတင်းက အံ့ဩစရာကောင်းလိုက်တာ။ တစ်ယောက်ကိုတစ်ယောက်လက်ဆင့်ကမ်းသလိုမျိုး လျင်မြန်စွာပြန့်နှံ့သွားပြီး တစ်ထပ်လုံးသိသွားကြတယ်။

ကော်ရီတာမှာ ထွက်ကြည့်နေကြတဲ့သူတွေလည်း တိုးများလာတယ်။ ဟဲ့ချန်းမင်အကြည့်ခံရတာကြောင့် သည်းမခံနိုင်တော့ဘဲ အကုန်သုံးကို သိမ်းကျုံးပြီးတစ်ချက်ကြည့်ပေးလိုက်တယ်။ ချက်ချင်းဆိုသလို လူတိုင်းနေရာပေါင်းစုံကို လူစုကွဲသွားပြီး သူတို့အတန်းတွေထဲ ပြန်သွားကြတော့တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now