အပိုင်း - ၃၂

17.5K 2.9K 84
                                    

{Zawgyi}

•မင်းငါ့ကို အဖေလို့ခေါ်တာ ကြားပါရစေ•

ဟဲ့ချန်းမင်က တောက်ခေါက်သံတစ်ချက်နဲ့တုန့်ပြန်ပြီး သူ့ကိုဘာမှဆက်မပြောခိုင်းတော့ဘူး။

ကျီလျောင်လည်း လိမ်လိမ်မာမာလေးပါးစပ်ပိတ်နေပြီး နှစ်ယောက်လည်းတိတ်သွားတယ်။

ရုတ်တရက် သူ့ဗိုက်ထဲက တဂြီဂြီအသံထံက္လာတာၿပီး မနေ့ညတည်းက ဘာမှသိပ်မစားရသေးတာကို သတိရသွားတယ်၊ အခုဗိုက်ဆာလာပြီ။

“မင်းမနက်စာမစားရသေးဘူးလား?” ဟဲ့ချန်းမင် မျက်မှောင်ကြုတ်သွားတယ်။ ပထမ သူအထိုးခံလာရတယ်။ အခုသူ့ကိုယ်သူတောင် သေချာမစားသောက်တော့ဘူးလား?!

“ငါကမင်းကိုတွေ့ချင်စိတ်လောနေလို့ စားဖို့မေ့လာတာ ဟားဟား” ကျီလျောင်ရူးချင်ယောင်ဆောင်ပြီး အမြန်ဟာသနှောကာ ပြုံးပြီးပြောလိုက်တယ်။ သို့သော်လည်း သူ့အမူအယာကအရမ်းကို သဘာဝမကျဘဲ သူဒဏ်ရာကနာနေတာကို တောင့်ခံနေမှန်းသိသာနေတယ်။

ဟဲ့ချန်းမင်အဲ့တာကိုမြင်တော့ စိတ်မကောင်းဖြစ်ကာ ဒေါသလည်းထွက်တယ်။ ဒါပေမယ့်သူပြောနိုင်တာဆိုလို့ “ဆက်မရီနဲ့တော့!”ဆိုတာပဲရှိတယ်။

ကျီလျောင်နှုတ်ခမ်းစူကာ တိတ်တိတ်လေးပဲနေတော့တယ်။

သူတို့ကားပေါ်က အတူဆင်းလာတော့ ကျီလျောင်ကိုအရင်သွားဖို့ ဟဲ့ချန်းမင်ပြောလိုက်တယ်။ ကျီလျောင်ခေါင်းငြိတ်ပြီး သူ့မျက်လုံးတွေနဲ့ဘေးဘီကိုစူးစမ်းပြီးတော့မှ ပေါင်မုန့်ပူပူလေးနှစ်ခုသွားဝယ်လိုက်တယ်။ သူ့အတန်းကိုရောက်တော့ ချန်းလီဝမ်နဲ့ လီယုရှင်းတို့ သူ့ကိုစောင့်နေတာကိုတွေ့လိုက်ရတယ်။

ကျီလျောင့်နှုတ်ခမ်းနားက အနာဖေးကိုမြင်တော့ သူ့ကိုလက်တုန့်ပြန်လိုက်ပြီဆိုတာသိလိုက်ပြီး မခံမရပ်နိုင်ဖြစ်သွားကြတယ်။

သူတို့မနေ့ညကပြန်ကြတော့ ကျီလျောင့်ကို ကောင်းရှန့်ဆိုတဲ့သူက အတော်လေးအဆင့်မရှိတဲ့သူတစ်ယောက်ဆိုတာကို သတိပေးဖို့မေ့သွားကြတယ်။ ကျောင်းတွင်းမှာ သူဘာမှမလုပ်နိုင်ခဲ့ရင် ကျောင်းပြင်ရောက်ရင်သေချာပေါက်နှောင့်ယှက်နိုင်တာကြောင့် သူတို့တွေသတိထားဖို့လိုတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}حيث تعيش القصص. اكتشف الآن