{Zawgyi}
•အစ်ကို့မိန်းမက ကျွန်တော့မိန်းမကို မျက်စိကျနေတယ်•
ကျီလျောင် နှုတ်ခမ်းသာကိုက်ထားပြီး ပြန်မဖြေဘူး။
ဆန်ကို ယောက်ချိုဇွန်းနဲ့ ကော်ပြီးနောက် ဆေးကာ ထမင်းချက်တဲ့အိုးထဲ ထည့်လိုက်တယ်။ စဉ်းတီတုံးတစ်ခုတွေတော့ အသားစိမ်းတွေကို သေးသေးလေးတွေဖြစ်သွားအောင် တုံးလိုက်တယ်။
ဟဲ့ချန်းမင်က ထောင့်နားမှာမှီကာ ကျီလျောင်ရဲ့ကိုင်တွယ်နေပုံကို ဖော်ပြလို့မရနိုင်တဲ့ခံစားချက်တွေနဲ့ ကြည့်နေတယ်။ ဒါကပုံမှန်နေ့စဉ်လုပ်ကိုင်နေကျအရာတွေဖြစ်ပေမယ့် သူ့ဘာသူကိုင်တွယ်တုန်းကတော့ ဘာမှမဟုတ်သလိုပဲ။ ဘာလို့တစ်ဖက်ကောင်လေးလုပ်တော့မှပဲ ဘဝကြီးက ကြည်နူးစရာတွေနဲ့ပြည့်နှက်နေတယ်လို့ ခံစားနေရတာလဲ?
“ဘာလို့အပြင်မှာ သွားနားမနေရတာလဲ?” ကျီလျောင်လှည့်လာချိန်မှာ ‘ဒဏ်ရာရထားသူ’က ထိုနေရာမှာပဲ မတ်တပ်ရပ်နေတာကိုမြင်တော့ မောင်းထုတ်တော့တယ်။
ဟဲ့ချန်းမင် ဂုဏ်ယူစွာပြောလိုက်တယ် “သွားချင်ပါဘူး”
သူ့ရဲ့ပြုံးယောင်သမ်းနေတဲ့မျက်လုံးတွေက ကျီလျောင့်ဆီမှာပဲ တဝဲလည်လည်ဖြစ်နေတယ်။ ကျီလျောင်က ဟင်းသီးဟင်းရွက်တွေဆေးနေရင်း စိတ်ပူစွာပြောလိုက်တယ် “ငါက ဟိုဟိုဒီဒီလျှောက်နေရတာ၊ မင်းကို ခိုက်မိသွားရင် ဘယ်လိုလုပ်မလဲ?”
နောက်ပြီးတော့ အိုးပူပူကို စကိုင်ရတော့မယ်ဆိုရင် သူ့ရဲ့ပင်ကိုသဘာဝက တန်းပေါ်သွားလိမ့်မယ်။ တကယ်တော့ သူလည်းဟင်းချက်တာ ဒီလောက်ထိမကျွမ်းကျင်သေးဘူး။
“မဖြစ်စေရပါဘူး” ဟဲ့ချန်းမင်က ယုံကြည်ချက်ရှိရှိပြောပြီး လိုအပ်တဲ့ပစ္စည်းတွေကို အချိန်ကိုက်လှမ်းပေးတယ်။
ဆေးကြောလို့ပြီးသွားတဲ့အခါ ကျီလျောင်လက်သုတ်ပြီး သူ့ဘက်လှည့်ကာ ရှက်ရှက်နဲ့ပြောလိုက်တယ် “ခေါင်းနည်းနည်းငုံ့” ဟဲ့ချန်းမင်က ပြုံးရွှင်နေတဲ့နှုတ်ခမ်းတွေနဲ့ သူ့ကိုစိုက်ကြည့်ပြီး သူဘာရတော့မယ်ဆိုတာကို ခန့်မှန်းမိနေပုံရတယ်။ မေးစေ့ကိုမော့ပြီး အနည်းငယ်ကိုင်းပေးလိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...