{Zawgyi}
•မင်းတို့တွေ ငါ့ဇနီးလေးကို ဒီ့ထက်ပိုယဉ်ကျေးပေးတာကောင်းမယ်•
ဟဲ့ချန်းမင်နဲ့ ကျီလျောင်တို့ရဲ့ဆက်ဆံရေးသတင်းက အချိန်ခဏလောက်တော့ အံ့သြစရာဖြစ်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သတင်းကလည်း တဖြည်းဖြည်းငုတ်လျှိုးသွားတော့တယ်။
ဘယ်လိုပဲဖြစ်နေပါစေ ကျောင်းတွင်းချိန်းတွေ့တာက ဆယ်လီတွေရဲ့သတင်းလည်းမဟုတ်သလို သူတို့သတင်းကိုလည်း လူတိုင်းသိကြတာမဟုတ်ဘူး။ အဲ့အပြင် ကျောင်မေးလန်ရဲ့ ဖုံးဖိနိုင်မှုကြောင့် ဟဲ့ယွဲ့ကျင်းလည်း ဘာသတင်းမှမရလိုက်ဘူး။ အဲ့တာကြောင့် ဟဲ့ချန်းမင်အတော်လေး ကျေနပ်နေတယ်။ သူက ကျီလျောင့်ကို အိမ်ရောက်နေတာတွေ လုပ်စရာရှိတာတွေ ထည့်စဉ်းစားမနေဘဲ ကလူကျီဆယ်လိုက် အလိုလိုက်အကြိုက်ဆောင်ပေးလိုက်နဲ့ နေနေတော့တယ်။
အစပိုင်းမှာ အံ့သြခဲ့ကြတဲ့သူတွေထဲက ကျောင်းသားအများစုကတော့ နားလည်ပေးလာကြတယ်။ ဒီတိုင်းလိင်တူကြိုက်ရုံလေးပဲမဟုတ်ဘူးလား? ဒီခေတ်မှာ ရှုံ့ချတာမျိုးတွေ ရှိသေးလို့လား? ဟဲ့ချန်းမင်ရည်းစားရသွားတည်းက ဒေါသလည်းထိန်းနိုင်လာပြီး လူတိုင်းက သူ့ကိုပွင့်ပွင့်လင်းလင်းစနောက်တာကိုပါ လက်ခံနိုင်တဲ့အထိ အခြေအနေတိုးတက်လာတယ်။
အရင်နေ့တွေလိုပဲ ကျီလျောင်အတန်းနှစ်က ဖြတ်သွားတဲ့အချိန်မှာ အထဲကကောင်လေးတစ်ယောက်က အသံကျယ်ကြီးနဲ့အော်တာကို ကြားလိုက်ရတယ် “မင်ကော! မင်းရဲ့မိန်းမလေး ရောက်နေတယ်!”
ထို့နောက် အတန်းနှစ်ကကျောင်းသားတွေ ပြတင်းပေါက်နားမှာ စုပြုံလာပြီး တစ်ယောက်ချင်းစီက ရှေးခေတ်တုန်းက ဆောင်ကြာမြိုင်ကအမျိုးသမီးတွေလိုမျိုး မျက်လုံးတွေမှိတ်ပြ လက်လေးတွေယမ်းပြလုပ်နေကြတယ်။ “ကျီလျောင်လေး လာခဲ့လေ!”
ကျီလျောင် “…” သူအမြန်ထွက်သွားလိုက်တယ်။
ဒီခွေးသားလေးတွေ သူ့ကိုမနှိုးခင်အထိ ဟဲ့ချန်းမင်က ကောင်းကောင်းနှပ်နေခဲ့တာ။ သူမျက်လုံးကို မှေးကျဉ်းပြီးဖွင့်လိုက်တုန်း ကျီလျောင်က ဖြူဖျော့ဖျော့မျက်နှာလေးနဲ့ ထွက်ပြေးသွားတာကို မြင်လိုက်ရတယ်။ တစ်ဆက်တည်းမှာ သူဒေါသထွက်သွားပြီး မျက်ခုံးပင့်ကာ သတိပေးလိုက်တယ်။ “မင်းတို့တွေ ငါ့ဇနီးလေးကို ဒီ့ထက်ပိုယဉ်ကျေးပေးတာကောင်းမယ်!”
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...