အပိုင်း - ၆၂

9.1K 1.7K 47
                                    


{Zawgyi}

•ဒီလောက်တောင်အကျည်းတန်နေတာကိုတောင် မလုံလောက်သေးဘူးလို့ ထင်နေသေးတာလား?•

အခန်းထဲပြန်ဝင်လာတော့ ဟဲ့ချန်းမင်က သူ့ကိုနောက်ဂိမ်းတစ်ခုဆော့ဖို့ အချက်ပြတယ်။

လီစီရန်ပြန်ဝင်လာတော့ သူမကဘေးနားကပ်ထိုင်ပြီး သူမရဲ့သူငယ်ချင်းတွေနဲ့ WeChatမှာ စတင်စကားပြောရင်း ကုမင်းယန်မှာ ဘယ်လိုအဆက်အသွယ်တွေရှိတာလဲဆိုတာ စုံစမ်းတော့တယ်။ သူမက ဒီအကြောင်းတွေမသိဘူး၊ သူကဝတ်ကောင်းစားလှတွေဝတ်ထားပြီး အထက်တန်းလွှာလူတန်းစားလိုဟန်ပန်ရှိတယ်ဆိုတာကလွဲလို့ ဘာမှမသိဘူး။

သူမသူငယ်ချင်းက သူမကို အာမေဍိတ်သင်္ကေတတွေအတန်းလိုက်ကြီးနဲ့ ပြန်စာပို့လာပြီး ထိုသူက ပိရမစ်ရဲ့ထိပ်ဆုံးကလူသားဖြစ်ပြီး တကယ့်ကိုအာဏာရှိတဲ့မိသားစုက ဆင်းသက်လာတဲ့အပြင် လင်ကျန်းလိုမျိုး လူချမ်းသာဒုတိယမျိုးဆက်နဲ့ အဆင့်အတန်းတစ်ခုတည်းမဟုတ်တဲ့အကြောင်းကို ပေါက်ကွဲမတတ်ပြောလာတယ်!

သူမသာ ကုမင်းယန်နဲ့တွဲနိုင်မယ်ဆိုရင် သူမတစ်သက်လုံးဘာမှလုပ်စရာမလိုတော့ဘဲ ပိုက်ဆံကိုသာ အားကြိုးမာန်တက်ဖြုန်းတီးပေးဖို့သာလိုတယ်။

ရစ်ငှက်လေးတစ်ကောင်ကနေ ဖီးနှစ်ငှက်တစ်ကောင်အဖြစ်ပြောင်းသွားသလိုပဲ တစ်ချက်တည်းပျံလိုက်ရုံနဲ့ ကောင်းကင်ပေါ်ဆန်တက်နိုင်ပြီ။

လီစီရန်မျက်လုံးတွေ ပြူးကျယ်သွားပြီး ဖုန်းကိုတင်းတင်းဆုတ်ကိုင်ကာ မထိန်းနိုင်မသိမ်းနိုင် တုန်ရီလာတယ်။ သူမအမှုမဲ့အမှတ်မဲ့ ဒီလိုငါးကြီးတစ်ကောင်ကိုဖမ်းမိသွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။

သူမအကြည့်တွေက မတ်မတ်ထိုင်နေတဲ့ကုမင်းယန်ဆီရောက်သွားတယ်။ သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းကို အနည်းငယ်စုဝိုင်းထားပြီး ခပ်မြင့်မြင့်နှာတံပေါ်မှာ ရွှေရောင်အနားကွတ်မျက်မှန်က ထိုသူ့ရဲ့ခက်ထန်ပြီး ညှို့နိုင်လွန်းတဲ့မျက်လုံးတွေကို မဖုံးကွယ်နိုင်ဘူး။ ဒီတောက်ပတဲ့မျက်လုံးတွေကြောင့် လီစီရန်ပြုစားခံလိုက်ရသလို ရင်တွေမတရားခုန်လာပြီး တုန့်ဆိုင်းခြင်းမရှိ အချစ်နွံထဲကျွံမတတ်ဖြစ်သွားတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}حيث تعيش القصص. اكتشف الآن