အပိုင်း - ၉

26.7K 4.5K 326
                                    


{Zawgyi}

•‌သောက်ရမ်းပဲ.. ငါဘယ်လိုပြန်ဖြေရမှာလဲ•

တစ်ရက်နဲ့တစ်ညကုန်ဆုံးသွားချိန်မှာ တစ်ကျောင်းလုံးဟဲ့ချန်းမင် ချိန်းတွေ့တဲ့အကြောင်း သိသွားကြတယ်။

လျှောက်လမ်းတစ်လျှောက်၊ စာသင်ခန်းတွေ၊ ကန်တင်းအစရှိတဲ့ နေရာတိုင်းမှာလူတွေက ဒေါသကြီးရိုင်းစိုင်းတဲ့နတ်ဆိုးကို ပုလ္လင်ပေါ်ကဆွဲချပြီး သူ့ရဲ့အပေါက်ဆိုးလှတဲ့အမူအကျင့်ကနေ နူးညံ့ပြီးတည်ငြိမ်တဲ့ သစ္စာစောင့်ခွေးတစ်ကောင်အဖြစ်ပြောင်းလဲသွားလောက်အောင် လုပ်နိုင်ခဲ့တဲ့နတ်ဘုရားမအကြောင်းကို ဆွေးနွေးနေကြတယ်။

လူနှစ်ယောက်ကလွဲပြီး တစ်ယောက်မှမသိကြဘူး။

လင်ကျန်းအဲ့တာကိုကြားတော့ သူလည်းထိတ်လန့်သွားတယ်! သူကအမြဲတမ်းဟဲ့ချန်းမင်ကို သူ့အစ်ကိုကြီးတစ်ယောက်အဖြစ် သတ်မှတ်ထားတာ။ ပြီးတော့အခုထိတောင် သူ့ရဲ့အစ်ကိုကြီးချိန်းတွေ့နေတဲ့ သူ့ရဲ့မရီးကဘယ်သူမှန်းမသိရသေးဘူး။ အဲ့တာကိုတွေးမိတော့ သူ့ဘောထဲကတောင် နာလာတယ်။

ဒါပေမယ့် ဟဲ့ချန်းမင်ကသူ့ကိုမပြောပြတဲ့အပြင် သူကလည်း မေးဖို့ရှက်တယ်။ အဲ့အစား သူကျောင်းဖိုရမ်ပေါ်က မေးခွန်းတွေကနေ မြောက်မြားစွာသောသတင်းတွေကို လိုက်ဖတ်တယ်။ ကျောင်းလူဆိုးလေးနဲ့ ဖြူစင်တဲ့ကျောင်းအလှဘုရင်မလေး၊ ပြီးတော့ ရင်သားကြီးကြီးနဲ့အလှလေးရဲ့ဒေါသကြီးတဲ့အရေးကြီးပုဂ္ဂိုလ်ကို သိမ်းပိုက်လိုက်နိုင်ခြင်း အစရှိတဲ့တကယ်ဖြစ်သလိုမျိုး ရေးထားတဲ့အကြောင်းအရာတွေပေါ့။

လင်ကျန်း ဟဲ့ချန်းမင်ထုတ်ပြောလာမလားလို့ အဲ့သတင်းနှစ်ခုကို လှမ်းပို့လိုက်တယ်။

ဟဲ့ချန်းမင် ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် လင်ကျန်းကို blacklistလုပ်လိုက်တယ်။

လင်ကျန်း “…”

သူမှားသွားပါတယ်ဆိုတဲ့အမူအယာနဲ့ ဟဲ့ချန်းမင်ကို ကြည့်လိုက်ပေမယ့် တစ်ဖက်လူကတော့ ပြတင်းပေါက်တစ်ဖက်က ဘတ်စကတ်ဘောကွင်းကို သုန်မှုန်ပြီးကြည့်နေတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now