{Zawgyi}
•ခုနတုန်းကမင်းပုခုံးပေါ် လက်တင်ထားတာဘယ်ကောင်လဲ•
သူတို့လေးယောက်ထဲမှာ ကျီလျောင်တစ်ယောက်ကလွဲရင် ကျန်တာသိပ္ပံကျောင်းသားတွေချည်းပဲ။ ကုမင်းယန်ကတော့ အခန်းတစ်ဖြစ်ပြီး ဟဲ့ချန်းမင်နဲ့ လင်ကျန်းကတော့ အခန်းနှစ်ဖြစ်တယ်။ ကျီလျောင်ကတော့ အနုပညာကျောင်းသားဖြစ်လို့ ညာဘက်ထောင့်ဆုံးက အခန်းဆယ့်နှစ်မှာဖြစ်တယ်။
အခန်းဆယ့်နှစ်က ညာဘက်လှေကားခွင်မှာရှိတာကြောင့် ကျီလျောင်သူတို့နဲ့ လမ်းတစ်ဝက်မှာ လမ်းခွဲလိုက်တယ်။
ဒါပေမယ့် ခြေနှစ်လှမ်းတောင်မလှမ်းရသေးဘူး အနောက်ဘက်ကတစ်စုံတစ်ယောက်က သူ့နောက်ကနေခုန်အုပ်လိုက်တာကြောင့် လန့်သွားရတယ်။
ခေါင်းလှည့်ကြည့်လိုက်တော့ ယုကျင်းဖြစ်နေတာကိုမြင်မှ သူ့အသည်းနှလုံးတွေ ရင်ဘတ်ထဲပြန်ကျသွားရတယ်။
“ဘာလုပ်တာလဲ?” ကျီလျောင်သူ့ကိုမေးလိုက်တယ်။
ယုကျင်းသူ့လက်ကို ကျီလျောင့်ပခုံးပေါ် တရင်းတနှီးတင်လိုက်ပြီး သူတို့နောက်ကို လှည့်ကြည့်လိုက်တယ်။ သူကစကားစပြီး “မင်းခုနက ဟဲ့ချန်းမင်နဲ့ရှိနေတာလား? ကုမင်းယန်ရော လင်ကျန်းနဲ့ရောလေ?”
အဲ့တာကမယုံနိုင်စရာကောင်းတယ်လို့ ခံစားရတယ်။ ပြီးတော့လည်း ဒီကျောင်းမှာ ဟဲ့ချန်းမင်နဲ့ ကုမင်းယန်ဆိုတာက ဟိုးတောင်ထိပ်အမြင့်မှာရှိတဲ့ ပန်းနှစ်ပွင့်လိုပဲ ဘယ်သူမဆိုပြောဆိုနိုင်ဖို့ ခက်ခဲတယ်။ လင်ကျန်းတစ်ယောက်သာ သူတို့လောကထဲတိုးနိုင်ခဲ့ပြီး လူတိုင်းအားကျရတဲ့အရာဖြစ်လာတယ်။
ကျီလျောင်ခေါင်းငြိတ်ကာ သူတို့သုံးယောက်နဲ့အဆက်အသွယ်ရှိကြောင်း ဝန်ခံလိုက်တယ်။
ယုကျင်းအံ့သြလွန်းလို့ ခဏလောက်တောင့်တင်းသွားတယ်။ ဒါပေမယ့်သူမြန်မြန်ပြန်ကောင်းသွားပြီး ကျီလျောင်ပခုံးကို စိတ်လှုပ်ရှားစွာပုတ်လိုက်တယ် “ကောင်းတယ်! ဘယ်တုန်းက ဒီရွှေခြေသလုံးကြီးကို ဖက်မိသွားတာလဲ? ငါဘာလို့မသိရတာပါလိမ့်?”
ŞİMDİ OKUDUĞUN
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RastgeleTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...