အပိုင်း - ၇၂

7.9K 1.5K 20
                                    

{Zawgyi}

•မင်းအစ်မက အနိုင်ကျင့်မခံရပါဘူး•

နောက်တစ်နေ့နေ့ခင်းမှာ တစ်စုံတစ်ရာဖြစ်ပွားတော့တယ်။ လင်ကျန်းက မန်ယောင်ယောင်နဲ့ စကားပြောဆို စနောက်နေတုန်း ရုတ်တရက် လူတစ်စုက လာတားဆီးတာခံလိုက်ရတယ်။

ကျီလျောင်ကအရင်ဆုံးသတိဝင်ပြီး ချက်ချင်းဆိုသလို ဖုန်းကိုကိုင်ကာ ဖုန်းခေါ်ဖို့လုပ်လိုက်တယ်။ ဒါပေမယ့် သူ့ကိုဆံပင်အဝါရောင်နဲ့ အဖွဲ့ခေါင်းဆောင်ကတွေ့သွားပြီး တုတ်အရှည်တစ်ချောင်းနဲ့ရိုက်ချလိုက်တာကြောင့် ဖုန်းကမြေပေါ်ပြုတ်ကျကာ တစ်စစီကွဲသွားတော့တယ်။

ကျီလျောင် ရင်တုန်သွားတယ်။ သူက ကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး ဒီလိုရန်စောင်မှုမျိုးကို ဘယ်တုန်းကမှမမြင်ဖူးခဲ့ဘူး။ ဒီမှာလူခုနစ်ယောက်ရှစ်ယောက်ထက်မနည်းရှိနေတယ်၊ သူတို့အားလုံးက ဆံပင်အရောင်ဆိုးထားပြီး ခေတ်ရေစီးကြောင်းနဲ့လည်းမညီသလို ရန်သွားမစသင့်တဲ့ပုံမျိုးတွေဖြစ်တယ်။

"ဘာဖြစ်တာလဲ?" မန်ယောင်ယောင် ကြောက်လန့်တကြား လင်ကျန်းကိုအသာလေးမေးလိုက်တယ်။

လင်ကျန်းက တခြားအရာတွေမှာ မကောင်းပေမယ့် အထက်တန်းကျောင်းရဲ့ဆန်ကုန်မြေလေးတွေကိုတော့ အရမ်းရင်းနှီးကျွမ်းဝင်မှုရှိတယ်။ သူတို့တွေက ကိုးရိုးကားယားဆံပင်ပုံစံတွေရှိရုံတင်မကဘူး ဓားတွေ၊ တုတ်တွေပါသယ်လာတယ်ဆိုတော့ အများစုက အထက်တန်းကျောင်းနားမှာ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ကျောင်းသားတွေဖြစ်နိုင်လောက်တယ်။ အဲ့တာကြောင့် သူရှေ့တိုးပြီးမေးလိုက်တယ် "ဟျောင့်တွေ ဒါကဘာဖြစ်ချင်နေတာလဲ?"

ခေါင်းဆောင်ဖြစ်ပုံရတဲ့ ဆံဝါကောင်က သူ့ကိုစွေစောင်းကြည့်ပြီး အံ့ဩနေတဲ့အသံနဲ့ပြောလာတယ်။ "မင်းက တစ်စုံတစ်ယောက်ကို ရန်စခဲ့တယ်လေ၊ ငါတို့ရိုက်တာကို လိမ်လိမ်မာမာလေးခံလိုက်မယ်ဆိုရင် မင်းတို့သွားလို့ရမယ်" သူ့နားက ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်က မန်ယောင်ယောင်ကို မျက်လုံးမှေးကြည့်ပြီး နှုတ်ခမ်းသပ်လိုက်တယ် "ငါတို့က မိန်းကလေးတွေကိုတော့ မရိုက်ပါဘူး၊ လာခဲ့ ကောကောလက်မောင်းကြားမှာ ပုန်းနေလိုက်" ဒီကောင်မလေးက ကျောင်းရဲ့ပန်းကလေးဆိုတာ သူကြားမိတယ်။ သူမက တကယ်ကိုလှပပြီး ရင်သားကြီးကြီးနဲ့ သူတို့ကျောင်းက လီစီရန်ထက်တောင်မှ ပိုကြည့်ကောင်းသေးတယ်!

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now