{ Zawgyi}
•တခြားအရာတွေ ဘာမှမတွေးတော့ဘဲ သာယာမှုမှာမွေ့လျော်•
ကျန်းချီကိုယ်ဝန်ရပြီးနောက်ပိုင်း သူမအရမ်းစိတ်ဓာတ်ကျလာတယ်။
ဟဲ့မိသားစုက သူမကိုအနီးကပ်စောင့်ကြည့်နေပြီး ဘာဆိုဘာမှမထိခိုင်းဘူး။ သူမလမ်းလျှောက်တာအရမ်းများသွားရင် နားခိုင်းတယ်။ နေ့တိုင်း စားသောက်နေရတာကလွဲရင် အိပ်ပဲအိပ်နေရတယ်။ နေ့ရက်တိုင်းက ကျန်းချီအတွက် ပျင်းစရာကောင်းနေပြီး မပျော်မရွှင်ဖြစ်လာတယ်။
ဟဲ့မုရှန်းအလုပ်ကပြန်ရောက်တဲ့အချိန်မှာ သူ့ဇနီးရဲ့စိတ်အခြေအနေကို မြင်လိုက်တော့ စိတ်ပြေလက်ပျောက် ညစာကို အပြင်မှာထွက်စားဖို့ ဆုံးဖြတ်လိုက်တယ်။
သူတို့စားသောက်ဆိုင်ထဲဝင်လိုက်ချိန်မှာ ဟဲ့ချန်းမင်နဲ့ ကျီလျောင်တို့က ဖယောင်းတိုင်ညစာစားပွဲလေးလုပ်နေကြတာကို တွေ့လိုက်ရတယ်။
ကျီလျောင် ရှန်ပိန်ကို တစ်ငုံသောက်ပြီး သူ့ရှေ့ကလူကို မေးလိုက်တယ် "ဒီအရက်က ပြင်းလား?"
ဟဲ့ချန်းမင်က ထိုင်ခုံပေါ်မှီလိုက်ကာ အပြုံးခပ်ရေးရေးနဲ့ ပြောလိုက်တယ် "အဆင်ပြေပါတယ်၊ အယ်လ်ကိုဟောပမာဏက ၁၂ရာခိုင်နှုန်းပဲရှိတယ်"
သူတို့အထက်တန်းကိုရောက်တဲ့အခါ ရှုအိုက်ဝမ်ခွင့်ပြုချက်နဲ့ ပိတ်ရက်တွေမှာ ကျီလျောင့်အိမ်စာတွေလေ့ကျင့်တာမှာ သူဝိုင်းကူညီပေးတယ်။ ရံဖန်ရံခါ နောက်ကျတဲ့အထိ လေ့ကျင့်မိသွားရင် ကျီလျောင် သူ့အိမ်မှာပဲအိပ်လိုက်တော့တယ်။ ဒါကို ရှုအိုက်ဝမ်လည်း မျက်စိမှိတ်ပေးထားလိုက်တယ်။ သူတို့အပြုအမူတွေက မလွန်သရွေ့ သူမက ကလေးနှစ်ယောက်ကို သူတို့လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးတယ်။
အဲ့တာကြောင့် တစ်နေ့လုံးစာလေ့လာပြီးနောက် ဟဲ့ချန်းမင်က ကျီလျောင့်ကို ဒိတ်လုပ်ဖို့ ခေါ်ထုတ်လာခဲ့တယ်။ သူ့ရဲ့အဆင့်တွေ တိုးတက်ချင်တယ်ဆိုရင် သူ့ရဲ့အချစ်ရေးကလည်း အဲ့တာနဲ့အညီတိုးတက်လာရမယ်။
ကျီလျောင်က အယ်လ်ကိုဟောပမာဏတွေ ဘာတွေမသိဘူး၊ တစ်ဖက်ကောင်လေးက အဆင်ပြေတယ်ပြောသရွေ့ အဆင်ပြေမှာပဲလို့တွေးကာ နောက်ထပ်ပါးစပ်အပြည့်တစ်ငုံ ထပ်သောက်လိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...