{Zawgyi}
•ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာကို မသိဘူးလို့ထင်ထားတာလေ?•
ကောင်းရှန်လည်း လူငယ်လေးတွေနောက်ကနေ ပြေးလိုက်တော့တယ်။
ရုတ်တရက် သူ့ရှေ့မှာလှပတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာတာကြောင့် ကောင်းရှန်ချက်ချင်းရပ်လိုက်တယ်။ ထိုအမျိုးသမီးက နှုတ်ခမ်းတွေကို ကွေးညွှတ်ပြီး အေးစက်စွာပြုံးလိုက်တာကိုမြင်ရပြီးနောက်မှာ သူမရဲ့ခြေတံရှည်ကြီးတွေကိုမြှောက်ပြီး သူ့ရင်ဘတ်ကို အားပြင်းပြင်းနဲ့ကန်လိုက်တယ်။
ရှောင်ချိန်တောင် မရလိုက်ဘူး။ ကောင်းရှန်မြေကြီးပေါ် အကန်ခံလိုက်ရပြီး သူ့အိတ်ကတ်ထဲက ပိုက်ဆံတွေ ထွက်ကျလာတယ်။
ကျန်းချီခြေထောက်ကို ပြန်ရုတ်ပြီး စိတ်ထဲမှာ သူမဘာသာ လက်ခုပ်တီးပြီးဂုဏ်ပြုလိုက်တယ်။ ဒီဘေးတိုက်ကန်ချက်လေးက လုံးဝပြီးပြည့်စုံတယ်။ သူမရဲ့တိုက်ကွမ်ဒိုခါးပတ်နီဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတယ်။ [T/N : အမလေး ခုမှမှတ်မိတော့တယ်။ ဒါက ဟဲ့မုရှန်းရဲ့ တစ်ဦးတည်းသောမိန်းမလေးဟ!]
လမ်းမှာ သောက်စရာဝယ်မလို့လုပ်နေတုန်း ခေါင်းငိုက်စိုက်လမ်းလျှောက်လာတဲ့ ကောင်းရှန်နဲ့ ဝင်တိုက်မိသွားတာဖြစ်တယ်။ တောင်းပန်တာမျိုးလည်း မလုပ်လာတာကြောင့် ချက်ချင်းဒေါသပုန်ထသွားတယ်။ သင်ခန်းစာပေးမယ်ဆိုပြီးလုပ်လိုက်တဲ့အချိန်မှာ သူက ဟိုနေ့တွေတုန်းက ကောင်မလေးတစ်ယောက်ကို အဓမ္မကျင့်ဖို့ ကြံစည်ခဲ့တဲ့အပြစ်သားဆိုတာ သတိထားမိလိုက်တယ်။
အဲ့တာကြောင့် နောက်ကနေတိတ်တိတ်လေးလိုက်လာတုန်း တစ်ဖက်သတ်ရိုက်နေတဲ့မြင်ကွင်းကို တွေ့လိုက်ရတာ။
ကောင်းရှန် အော်သံတစ်ချက်ထွက်လာပြီး သူ့ရဲ့နာသွားတဲ့ရင်ဘတ်ကို လက်နဲ့ပွတ်လိုက်တယ်။ သူ့ဘေးမှာ ပိုက်ဆံတွေပြန့်ကျဲကုန်တာမြင်တော့ အလန့်တကြားလိုက်ကောက်ကာ အိတ်ကပ်ထဲထိုးထည့်လိုက်တယ်။ အဲ့နောက် ကျန်းချီကို မှတ်မိသွားတယ် “ခင်ဗျားပဲလား! ဖာ့ခ် လိုက်ရှုပ်တတ်တဲ့မိန်းမ”
ဘောက်ဆတ်ဆတ်နဲ့ အမြန်မတ်တပ်ရပ်ဖို့ကြိုးစားလိုက်ပေမယ့် အနောက်ကတုတ်ရှည်တစ်ချောင်း လှုပ်ရှားသွားတာကိုမြင်လိုက်ရပြီးနောက်မှာ သူ့ရဲ့ခြေထောက်အောက်ပိုင်း နာကျင်သွားတယ်။ ကောင်းရှန်မျက်လုံးတွေ ပြူးကျယ်သွားပြီး ခေါင်းမော့ကာ နာနာကျင်ကျင်အော်လိုက်တယ် “အား_”
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...