အပိုင်း - ၅၉

9.9K 1.8K 54
                                    

{Zawgyi}

•အဲ့လူက ကိုယ့်ထက်ကြည့်ကောင်းလား? ဟမ်?•

အားရသွားတော့မှ သူတို့နှုတ်ခမ်းတွေ ခွာလိုက်ကြတယ်။

“အဝတ်အစားတွေယူလာလား?” နှစ်လိုဖွယ်ကောင်းတဲ့လေသံနဲ့မေးလိုက်တယ်။

ကြောင်တောင်တောင်ပုံလေးနဲ့ ကျီလျောင်ခေါင်းရမ်းပြကာ “ဟင့်အင်း မင်းက အဝတ်အစားယူလာဖို့ ပြောလည်းမပြောဘဲနဲ့”

သူရှာကြည့်တုန်းက မီယသဘောင်္က ဒီမြို့ရဲ့ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်တာကြောင့် သူတို့တွေ ညရှုခင်းကြည့်ပြီးတာနဲ့ ပြန်လာလို့ရတယ်ဆိုပြီး ထင်ခဲ့တာ။ သူတို့က ညအိပ်သွားကြမှာလား?

ဟဲ့ချန်းမင် ဉာဏ်များစွာပြုံးပြီး သူ့နားကို ကပ်ပြီးပြောလိုက်တယ် “အဲ့တာဆိုလည်း ကိုယ့်ဟာဝတ်ပေါ့”

ကျီလျောင်က သူ့အဝတ်အစားတွေဝတ်ထားတာကို မြင်ချင်လို့ တမင်တကာမပြောလိုက်တာ။ သူ့အကြည့်တွေက အောက်ပိုင်းကို ဆင်းသွားတယ်။ တဖက်ကောင်လေးရဲ့ ဘောင်းဘီအောက်က ရှည်သွယ်သွယ်ခြေထောက်လေးတွေက ပြီးခဲ့တဲ့တစ်ခေါက်တုန်းကခံစားခဲ့ရတဲ့ အူလှိုက်သည်းလှိုက်ခံစားချက်ကို ပြန်သတိရစေတယ်။ ဒီညတော့ ကောင်းကောင်းကြီးအသုံးချပေးရမယ်!

သူတို့တွေ ဘေးချင်းကပ်လျှောက်လာခဲ့ကြတယ်။ ဟဲ့ချန်းမင် သူ့လက်ကို ကျီလျောင့်ပုခုံးပေါ်တင်ကာ ကောင်လေးရဲ့ညှပ်ရိုးလေးကို သူ့လက်မနဲ့ ထပ်ခါထပ်ခါပွတ်နေတယ်။

ကျီလျောင်ယားကျိကျိဖြစ်တာကြောင့် သူ့ရဲ့ဂနာမငြိမ်တဲ့လက်တွေကို တွန်းထုတ်လိုက်တယ်။

ဟဲ့ချန်းမင်ချက်ချင်းမကျေမနပ်ဖြစ်ပြီး ဆူပုတ်သွားတယ် “ကိုယ့်ကိုဘာလို့ ထိခွင့်မပေးတာလဲ?” သူ့လေသံက အချိုမစားရလို့ စိတ်တိုနေတဲ့ကလေးလိုမျိုးဖြစ်နေတယ်။

ကျီလျောင်သက်ပြင်းသာချမိတော့တယ်။ ဒီကောင်လေးက အရမ်းကိုတောက်တဲ့တစ်ကောင်လို လိုက်ကပ်တတ်ပြီး ကလေးဆန်တယ်ဆိုတာ အရင်တုန်းက ဘာကြောင့်များ သတိမထားမိရတာလဲ? သူ့ရဲ့ဘယ်ဘက်လက်က လက်ငါးချောင်းကိုဆန့်ထုတ်ပြီး ဟဲ့ချန်းမင်ကို အဓိပ္ပါယ်ရှိရှိကြည့်လိုက်တယ်။ ကျေနပ်သွားတဲ့ပုံပေါ်တဲ့ဟဲ့ချန်းမင်က သူ့လက်ချောင်းတွေနဲ့ ချိတ်ဆက်လိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now