{Zawgyi}
•သုံးစက္ကန့်စာအသံဖိုင် _ ကိုယ်တောင်းပန်ပါတယ်•
ဟဲ့ချန်းမင်နေ့ခင်းရောက်တဲ့ထိ တောက်လျှောက်အိပ်ပျော်နေခဲ့တယ်။ သူနိုးလာချိန်မှာ သူ့တစ်ကိုယ်လုံးပေါ့ပါးနေပြီး ပင်ပန်းတာတွေလည်း ပျောက်သွားတယ်။
ခေါင်းမော့ပြီး အချိန်လှမ်းကြည့်လိုက်တော့ 12:27ဖြစ်နေပြီ။ အပြင်ထွက်ဖို့လုပ်နေရင်း သူ့စားပွဲပေါ်က iodineပုလင်းနဲ့ ပတ်တီးတွေကို တွေ့သွားတယ်။
အခန်းနှစ်ကတစ်ယောက်မှ သူ့စားပွဲပေါ် ဒီလိုလာမတင်ရဲဘူး.. မဟုတ်မှ…
ဟဲ့ချန်းမင် သူ့ရဲ့စုတ်ပြဲရာတွေနဲ့လက်ချောင်းတွေကိုကြည့်ပြီး သူ့နှုတ်ခမ်းပေါ်မှာ အပြုံးကြီးတစ်ခုဖြစ်ပေါ်လာတယ်။ သူ့ဖုန်းကိုထုတ်လိုက်ပြီး WeChatကနေ ကျီလျောင်ကိုစာပို့လိုက်တယ်… ‘မင်းခုနတုန်းက တစ်ခုခုပို့လိုက်သေးလား?’
တဖက်မှ ကျီလျောင်စာအမြန်ပြန်လာတယ် ‘ဟုတ်’
စာလုံးလေးတစ်လုံးတည်းဆိုပေမယ့် ဟဲ့ချန်းမင်ဝမ်းသာလုံးဆို့သွားတယ်။ သူ့လက်ချောင်းတွေကိုတောင် အာဘွားပေးလိုက်မိပြီး ဒီဒဏ်ရာသေးသေးလေးက တကယ်တန်ဖိုးရှိတယ်လို့တောင် ခံစားမိတယ်။
သူစိတ်ပျော်နေတာကြောင့် သူ့ပါးစပ်သူမထိန်းနိုင်တော့ဘူး။ အခန်းပြင်ထွက်ပြီး ကျီလျောင်ကိုမေးလိုက်တယ် “Baby ဘယ်မှာလဲ? ကိုယ်မင်းကိုလွမ်းနေပြီ”
သူအဲ့တာကို အသံဖိုင်နဲ့ပို့လိုက်တာဖြစ်တယ်။ သူ့နားကဖြတ်သွားတဲ့ကောင်မလေးတစ်ယောက်က အဲ့တာကိုကြားတော့ ဟဲ့ချန်းမင်ကို အလန့်တကြားကြည့်လိုက်ပြီး အလျင်အမြန်ပြေးထွက်သွားတယ်။
အဲ့အချိန်မှာ ကျီလျောင်ကတော့ ကန်တင်းမှာစားသောက်နေချိန်ဖြစ်ပြီး တဖက်လူက သုံးစက္ကန့်စာအသံဖိုင်ပို့လိုက်တာကို တွေ့သွားတယ်။ သူ့ဖုန်းက အသံကိုတိုးလိုက်ပြီး နားနားကပ်ကာ playကိုနှိပ်လိုက်တယ်။
လူငယ်လေးရဲ့ခပ်နိမ့်နိမ့် အက်ရှရှအသံက သူ့နားစည်ကိုရိုက်ခတ်လာတယ်။ အသံဖိုင်အဆုံးမှာ ကျီလျောင်တစ်ကိုယ်လုံး ပူလောင်လာတယ်။ သူ့စိတ်ထဲမှာ “baby” နဲ့ “ကိုယ်မင်းကိုလွမ်းနေပြီ”ဆိုတာပဲ ဆက်တိုက်တွေးနေမိပြီး သူ့နှလုံးခုန်တွေလည်း အရမ်းမြန်ဆန်လာတယ်။ ရင်ဘတ်ကြီးတောင် ပေါက်ထွက်တော့မလိုပဲ။
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...