အပိုင်း - ၈၇ [ End of Main Story ]

16.6K 1.6K 86
                                    


{Zawgyi}

•သၾကားလုံးတစ္လုံးကို မွ်စား•

"မနေ့ညတုန်းက ငါ့အမေက ဖုန်းလည်းမခေါ်ဘူး"

သူ့ပုံစံက အနည်းငယ်ကြောင်အပြီး အံ့ဩနေသလိုမျိုးလေးဖြစ်နေတယ်။ မျက်လုံးနားတစ်ဝိုက်မှာ အနည်းငယ်ဖူးယောင်နေပြီး သနားစရာကောင်းသလို ချစ်စရာလေးလည်းဖြစ်နေတယ်။

ဟဲ့ချန်းမင်မျက်နှာက အနည်းငယ်မှောင်ကျသွားပြီး သူ့နားလာကာ ခါးအောက်မှာ ခေါင်းအုံးခုပေးလိုက်ပြီး ပြောတယ် "ပြီးကျရင် ကိုယ်မင်းနဲ့လိုက်ခဲ့မယ်"

ရှုအိုက်ဝမ်သဘောထားက ဘယ်လိုနေမလဲဆိုတာမသိပေမယ့် အခုချိန်မှာ ဖြစ်ပြီးတာတွေကလည်း ပြီးနေပြီ။ ရှုအိုက်ဝမ် ရိုက်ပဲရိုက်ရိုက် ဆူပဲဆူဆူ သူလက်ခံရမှာပဲ။

"ကိုယ်ခဏလောက်အပြင်သွားလိုက်အုံးမယ်၊ ခနနေရင် မနက်စာလာပို့လိမ့်မယ်... အရင်စားနှင့်လည်းရတယ်၊ ဒါမှမဟုတ် ကိုယ်ပြန်ရောက်တော့မှ ခွံ့ကျွေးခိုင်းလည်းဖြစ်တယ် ဟုတ်ပြီလား?" ဟဲ့ချန်းမင်ပြောကာ ကျီလျောင့်နှဖူးကို နမ်းလိုက်တယ်။

သူဘယ်သွားမလဲဆိုတာ ကျီလျောင်မမေးတော့ဘဲ လိမ်လိမ်မာမာလေးခေါင်းငြိတ်ကာ အရမ်းရေဆာနေတာကြောင့် သူထွက်မသွားခင် ရေတစ်ခွက်ထည့်ပေးသွားဖို့ ပုံစံလုပ်ပြလိုက်တယ်။

ဟဲ့ချန်းမင် ရေဖြည့်ပေးပြီးနောက်မှာ အမြန်လှည့်ထွက်သွားတယ်။

သူထွက်သွားတော့မှ ကျီလျောင်မျက်နှာ ရှုံ့တွကာ ကိုက်ခဲနေတဲ့ခါးကို နှိပ်လိုက်တယ်။

ဒီလိုမျိုးလုပ်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်လို့ နည်းနည်းတော့ရှက်မိပေမယ့် တမြုံ့မြုံ့နဲ့ပြန်တွေးနေမိတယ်။ အရင်တုန်းက ရှုရှောင်ကျင်းသူ့ကိုပေးခဲ့တဲ့ 'Day and Night with the Bullying President'ဆိုတဲ့ စာအုပ်ကိုဖတ်တုန်းက အိပ်ရာထဲက အပိုင်းတွေမှာဆို ပြဲခါနီးတွေနဲ့ သွေးထွက်တာတွေတောင်ပါတာကြောင့် သူသေမတတ်ကြောက်ခဲ့ရတယ်။ နောက်တော့လည်း မနေ့ညတုန်းက ဟဲ့ချန်းမင်နဲ့ ဟိုဒင်းပြုချိန်မှာ တစ်ဖက်ကောင်လေးက ခံစားလို့ကောင်းတယ်၊ သက်သောင့်သက်သာရှိတယ် ဆိုပြီး ထပ်ခါထပ်ခါတောင်းဆိုခဲ့တယ်။ လေသံကလည်း အရမ်းနူးညံ့တာကြောင့် သူ့ခန္ဓာကိုယ်ကလည်း အဆင်ပြေခဲ့တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now