အပိုင်း - ၅၄

10.2K 1.9K 48
                                    


{Zawgyi}

•ဘေဘီ မင်းက အရမ်းsexyကျတယ်ကွာ•

သူတို့တွေ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ဗိုက်ပြည့်သွားတဲ့ထိ စားသောက်ပြီးတဲ့နောက် ကိတ်မုန့်တွေ လာချပေးတယ်။

ကိတ်က ရှုအိုက်ဝမ်ဝယ်လာပေးတာဖြစ်တယ်။ နို့နှစ်ရောင်ခရင်မ်ပေါ်မှာ ပန်းရောင်နှင်းဆီလေးတွေ ဟိုတစ်စဒီတစ်စရှိနေပြီး သရဖူအသေးလေးလည်းပါတယ်။ မန်ယောင်ယောင် ဒီပုံစံလေးကို သဘောကျနေတယ်။ ကိတ်ကိုစားပွဲပေါ်တင်ပြီးနောက် ရှုရှောင်ကျင်းက ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ကာပြောလာတယ် “လှလိုက်တာနော်!”

“ဟုတ်ပါ့ နောက်ကျမှ အန်တီရှုကို ဘယ်ကဝယ်တာလဲမေးပြီးပြန်ပြောပြမယ်၊ နောက်တစ်ခေါက် နင်လည်း အဲ့ကမှာပေါ့!” မန်ယောင်ယောင် ပျော်ရွှင်စွာပြောလိုက်တယ်။

ရှုရှောင်ကျင်း ခေါင်းငြိတ်ပြတယ်။

ဓာတ်ပုံရိုက်ပြီးနောက် ဖယောင်းတိုင်ထွန်းပြီး မွေးနေ့သီချင်းဆိုကြတယ်။ မိန်းကလေးတွေက ဒီလောက်အားတက်သရောမရှိသလို ယောကျာ်းလေးသုံးယောက်ကလည်း အရှက်သည်းနေကြတယ်။ အထူးသဖြင့် ဟဲ့ချန်းမင်… ပါးစပ်ဖွင့်ပြီး အသံလေးတစ်သံတောင်မထွက်ဘူး။ သူ့ဘေးကကျီလျောင်မှာတော့ ဒီလိုအိုးနင်းခွက်နင်းဖြစ်နေတဲ့အခြေအနေကို ပြီးမြောက်သွားစေဖို့ကြိုးစားနေတုန်းမှာ မန်ယောင်ယောင်က လှမ်းအော်တော့တယ်!

“ဟဲ့ချန်းမင် ကျီလျောင် နင်တို့သီချင်းလည်းမဆိုဘူး” သူမမျက်ခုံးပင့်ကာ မျက်နှာထားတင်းတင်းနဲ့ပြောလိုက်တယ်။

ဒီနေ့ကသူမမွေးနေ့ဖြစ်တာကြောင့် ဒါကိုအသုံးချပြီး တစ်ခုခုလုပ်ဖို့လိုတယ်!

ဟဲ့ချန်းမင်မျက်နှာက လူကြားထဲမှာတင်းမာချင်သယောင်ဖြစ်သွားပေမယ့် ရှုအိုက်ဝမ်ရှိနေတာကို ပြန်တွေးလိုက်တယ်။ ဒေါသထွက်နေကြောင်းပြချပေမယ့် မြိုသိပ်ပြီးတော့ပဲ အားတင်းကာပြုံးလိုက်တယ်။ ကျီလျောင်က အမြဲတမ်းတစ်ခုခုဆို နာတတ်တဲ့သူဖြစ်တယ်။ အခုလိုအပြောခံလိုက်ရတော့ ချက်ချင်းရှက်သွားပြီး မျက်နှာတစ်ခုလုံးရဲပတောင်းခတ်သွားတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ ရေပဲစွတ်သောက်နေလိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now