အပိုင်း - ၆၃

8.4K 1.7K 32
                                    


{Zawgyi}

•မင်းရဲ့ချစ်သူနဲ့ လမ်းခွဲလိုက်•

သူ ဟဲ့ယွဲ့ကျင်းနောက်ကနေ အသစ်ဖွင့်ထားတဲ့ စီးပွားရေးခန်းထဲကို လိုက်လာခဲ့တယ်။

ထိုလူက သူ့ရဲ့လေးနက်တဲ့အသွင်ကိုထိန်းပြီး သူ(ဟဲ့ချန်းမင်)နဲ့ ကျီလျောင်တို့ရဲ့နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေတင်ထားတဲ့ စားပွဲမှာ တင်စီးတဲ့အမူအယာနဲ့ ထိုင်လိုက်တယ်။

ဟဲ့ချန်းမင် ထိတ်လန့်သွားခြင်းမရှိ အဲ့တာတွေကိုလှမ်းကြည့်ပြီးနောက် ဆိုဖာပေါ်မှာမှီပြီး သက်သောင့်သက်သာထိုင်ကာ မေးလိုက်တယ် "ဘာလုပ်မလို့လဲ?"

ဟဲ့ယွဲ့ကျင်းရဲ့ပါးနပ်တဲ့မျက်လုံးတွေက ခုကျတော့မှ သူ့သားက တော်တော်လေးအရပ်ရှည်လာပါလားဆိုတာကို သတိပြုမိလိုက်တယ်။ သူတည့်တည့်ပဲပြောလိုက်တယ် "ဘယ်တုန်းက စတွဲတာလဲ? အဲ့ကလေးနဲ့"

အဲ့ကလေးဆိုတာ ကျီလျောင့်ကိုပြောနေတာ။

ဟဲ့ချန်းမင်မှာ ဘာမှဖုန်းကွယ်စရာမရှိတာကြောင့် ဒဲ့ပဲပြောလိုက်တယ် "ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နှစ်ဝက်လောက်ရှိနေပြီ"

ဟဲ့ယွဲ့ကျင်း စားပွဲပေါ်က အချက်အလက်တွေကို ကြည့်လိုက်တော့ ပြီးခဲ့တဲ့အောက်တိုဘာမှာ ဒီကောင်လေး စတော့ဈေးကွက်ကို စတင်တဲ့အချိန်အတိအကျဖြစ်နေတာကို တွေ့လိုက်ရတယ်။ အစတုန်းတည်းက ခုလိုနေ့မျိုးအတွက် အမှားအယွင်းတစ်ခုတစ်လေတောင်မရှိရလေအောင် တင်းကြပ်စွာ ကြိုတင်ပြင်ဆင်ထားတာမှန်းသိသာတယ်။

ခုမှဒီကောင်လေးက ဆယ့်ခုနစ်နှစ်ပဲရှိသေးတာတောင် အံ့အားသင့်စရာကောင်းလောက်အောင် ထိန်းချုပ်နိုင်ပြီး စီမံခန့်ခွဲနိုင်နေတာက သံသယဝင်စရာတောင်မလိုလောက်အောင် စတော့ဈေးကွက်အတွက် သူ့မှာစွမ်းဆောင်နိုင်စွမ်းရှိနေတာကို ပြနေတာပဲ။

"ဒီကိစ္စကို ဘယ်လိုလုပ်မယ်လို့ တွေးထားတာလဲ?"

ဟဲ့ယွဲ့ကျင်းက သူ့ရှေ့မှာ ဟဲ့မုရှန်းရပ်နေရင်တောင်မှ ကိုယ့်ကိစ္စကိုယ် တာဝန်ယူတတ်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now