{Zawgyi}
•အဲ့တာ ကျွန်တော့်ဘဝလေး•
သူတို့စိတ်လွတ်ကိုယ်လွတ်လျှောက်လာကြရင်း ရောင်းဝယ်ဖောက်ကားနေကြတဲ့နေရာကိုရောက်လာတယ်။ ပွဲတော်ကျင်းပချိန်ဖြစ်လို့ တောက်ပတဲ့အရောင်တွေနဲ့ အလှဆင်ထားပြီး မြူးကြွတဲ့ခရစ်စမတ်သီချင်းတွေက ဆက်တိုက်လွင့်ပျံလျက်ရှိတယ်။
ဆန်တာဦးထုတ်လေးနဲ့ ကောင်မလေးတစ်ယောက်က ဖြတ်သွားဖြတ်လာတွေကို လက်ကမ်းစာစောင်လေးတွေကမ်းရင်း ပြောဆိုနေတယ် “ဒီနေ့ညရှစ်နာရီအချိန် Business Centerမှာ လူလုပ်ဆီးနှင်းပွဲရှိပါတယ်၊ စိတ်ဝင်စားရင် ဖတ်ကြည့်လို့ရပါတယ်”
ကျီလျောင်နဲ့ ဟဲ့ချန်းမင်လည်း လက်ကမ်းစာစောင်ကိုယူလိုက်တယ်။ ကောင်မလေးရဲ့မျက်လုံးအရောင်တောက်သွားပြီး အပြုံးကပိုချိုသာလာကာ ထပ်ပြောလိုက်တယ် “စုံတွဲတွေအတူတူကြည့်မယ်ဆို ကောင်းတာပေါ့”
ကျီလျောင်အနည်းငယ်ရဲသွားပြီး လက်ကမ်းစာစောင်ကိုတိတ်တဆိတ်သာယူလိုက်တယ်။ ဖတ်ကြည့်ပြီး အချိန်နဲ့နေရာကိုမှတ်ထားလိုက်တယ်။
သူတို့မြို့က တောင်ပိုင်းကမ်းခြေအနီးနားမှာဖြစ်လို့ နှင်းမကျသလောက်နီးပါးဖြစ်တယ်။ ပုံမှန်ထက်ပိုအေးခဲ့ရင်တောင် မြူဆိုင်းရုံလောက်သာရှိပြီး အတော်လေးရှားပါးတယ်။
သို့ပေမယ့် ဟဲ့ချန်းမင်စိတ်တွေက အဲ့အပေါ်မှာလုံးဝရှိမနေဘူး။ ခုနတုန်းက ကျီလျောင်သဝန်တိုတာကိုပဲ တွေးမိနေပြီး သူ့ကိုပန်းမပေးတာကြောင့်ဖြစ်ရမယ်ဆိုပြီး ကောက်ချက်ချလိုက်တယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ သူခဲတောင့်သွားမှာကို စိုးရိမ်နေတာဖြစ်တယ်။ ပန်းတွေကိုသာကိုင်ထားရရင် ဘောင်းဘီအိတ်ထဲမှာ သက်သောင့်သက်သာလေးထည့်ထားမရဘဲ အေးစက်နေရမှာဖြစ်တယ်လေ။
အဲ့တော့အခု သူ့ရဲ့အချစ်ကိုဖော်ပြဖို့ ကျီလျောင့်အတွက် လက်ဆောင်လေးတစ်ခုဝယ်ပေးချင်နေတယ်။
ဈေးဝယ်လမ်းညွှန်ကိုကြည့်ပြီး ကောင်လေးကို ဒုတိယထပ်ဆွဲခေါ်သွားလိုက်တယ်။
ယောကျာ်းဝတ်သီးသန့်…
ဟဲ့ချန်းမင်က လူကြိုက်များတဲ့brandတော်တော်များများ လိုက်ကြည့်ဖူးတယ်။ သူအဝတ်အစားဝယ်ချင်တာဖြစ်မယ်လို့ ကျီလျောင်ထင်သွားပြီး အကြံတောင်ပေးမလို့လုပ်လိုက်သေးတယ်။ ဒါပေမယ့် သူတိတ်တိတ်လေးပဲ နေလိုက်တော့တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...