အပိုင်း - ၄၁

14.2K 2.5K 56
                                    

{Zawgyi}

•ရူးမနေဘူးဆိုရင် ယောကျာ်းလေးတစ်ယောက်နဲ့ တွဲအုံးမှာလား?•

သူ့ရဲ့မျှော်လင့်ချက်မဲ့နေသလိုအမူအယာကြောင့် ဟဲ့ချန်းမင် စကားမပြောနိုင်ဖြစ်သွားပြီး ကောင်လေးအတွက် ရင်တွေတောင်နာလာတယ်။

သူ ကျီလျောင့်ကိုအထဲကိုခေါ်လိုက်ပြီး စိတ်ထဲအဆင်မပြေဖြစ်နေတာကြောင့် တင်းကျပ်စွာဆုတ်ထားတဲ့ လက်သီးဆုတ်လေးတွေဆီကို အကြည့်ရောက်သွားတယ်။

“မကြောက်နဲ့နော် ကိုယ်ရှိတယ်”

သူ့နှုတ်ခမ်းကနေ ဘာဖြစ်လာတာလဲဆိုတဲ့ စကားလုံးထောင်ပေါင်းများစွာကို မေးလိုက်ချင်တယ်။ အဆုံးမှာတော့ ကတိပြုသလိုစကားတစ်ခွန်းတည်းသာ ထွက်လာတယ်။ သူဒီမှာရှိနေသရွေ့ ဒီကောင်လေးဘယ်တော့မှ အထီးမကျန်စေရဘူး။

ဟဲ့ချန်းမင် ကျီလျောင့်ကို သူ့လက်မောင်းကြားဆွဲသွင်းလိုက်တယ်။ ကျီလျောင့်ကိုယ်က အရမ်းအေးစက်နေတာကြောင့် သူ့နှလုံးတောင်တုန်ရီသွားတယ်။

ကျီလျောင်က ယောကျာ်းလေးချင်းကြိုက်နေပါတယ်ဆိုတာကို သူ့မိသားစုကို ဖွင့်ပြောလိုက်တာဖြစ်မယ်လို့ သူခန့်မှန်းလိုက်တယ်။ အဲ့လိုသာမဟုတ်ရင် သူ့ကိုဒီလောက်တယုတယချစ်တတ်တဲ့ ရှုအိုက်ဝမ်က သူ့ကိုအိမ်ပေါ်ကမောင်းချရက်မှာမဟုတ်ဘူး။

ကျီလျောင်သူ့ခေါင်းကို ဟဲ့ချန်းမင်လည်ပင်းထဲကို အပ်လိုက်တယ်။ ဒီကိုလာတဲ့လမ်းမှာ သူကြောက်နေခဲ့တာ… နောက်ပြန်ဆုတ်နိုင်မယ့်လမ်းတွေကို အကုန်ဖြတ်ပြီး သတ္တိတွေအားလုံးစုပြီးမှ ရှုအိုက်ဝမ်ကိုဖွင့်ပြောလိုက်တာ။ အခုတော့ သူ့ရှေ့မှာ ရှိတဲ့သူတစ်ယောက်တည်းသာ သူ့မှာကျန်တော့တယ်။

တစ်ဖက်ကောင်လေးရဲ့နွေးနေတဲ့ကိုယ်ကို ပွတ်နေတုန်း ဟဲ့ချန်းမင်ရဲ့အက်ရှရှအသံက သူ့နားထဲဝင်လာတယ် “ကိုယ့်ကိုဒီလိုအချိန်မျိုးမှာ လာမဆွနဲ့နော် ကျီလျောင်”

သူ့လေသံက သတိပေးသလိုရော ချုပ်တည်းနေရသလိုပါဖြစ်နေတယ်။

ကျီလျောင် ဆွံ့အသွားတယ်။ ဖက်ထားရင်းက ခေါင်းလေးမော့ပြီး မေးလိုက်တယ် “ငါဘာလို့ နှင်ချခံလိုက်ရတာလဲဆိုတာကို ဘာလို့မမေးတာလဲ?”

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Opowieści tętniące życiem. Odkryj je teraz