အပိုင်း - ၆၈

8.3K 1.7K 31
                                    


{Zawgyi}

•တကယ်ပါ သူက တရုတ်ပြည်မှာ အံဖွယ်ကောင်းလောက်အောင်အကောင်းဆုံးအစ်ကိုတစ်ယောက်ပဲ!•

နောက်တစ်နေ့ သူမန်ယောင်ယောင်နဲ့ အတူထွက်လာခဲ့တယ်။

သူ မန်မိသားစုအိမ်ကိုပြောင်းလာတည်းက ဟဲ့ချန်းမင်ကိုအရမ်းဟန်များသလိုဖြစ်နေမှာစိုးလို့ လာမကြိုခိုင်းတော့ဘူး။

မနေ့ညတုန်းက မိုးတွေသည်းကြီးမည်းကြီးရွာပြီး ခုတော့ ကောင်းကင်ကြီးက ပြာလဲကြည်လင်ကာ လေထုလေးကတောင် လတ်ဆတ်နေသေးတယ်။

မန်ယောင်ယောင်က ခုန်ဆွခုန်ဆွနဲ့လမ်းလျှောက်နေတယ်။ သူမ ခေါင်းငိုက်စိုက်ကျပြီး အတွေးထဲနစ်နေပုံပေါ်တဲ့ ကျီလျောင့်ကိုမြင်တော့ မနေနိုင်ဘဲမေးလိုက်တယ် "ဘာဖြစ်တာလဲ? နင့်ကြည့်ရတာ စိတ်ညစ်နေသလိုပဲ"

ကျီလျောင် အင်တင်တင်နဲ့ပဲ စိတ်တက်ကြွစေဖို့ အသက်ကိုပြင်းပြင်းလေးနှစ်ချက်လောက် ရှုလိုက်တယ် "ဘာမှမဟုတ်ပါဘူး"

မန်ယောင်ယောင် ပုခုံးတွန့်ပြပြီး ဘတ်စ်ကားက ဖြေးဖြေးချင်းနီးကပ်လာတာကိုမြင်တော့ ကျီလျောင့်ကိုဆွဲပြီး ကားပေါ်အတူတက်ခဲ့ကြတယ်။

နှစ်ယောက်သား နှစ်ယောက်ထိုင်ခုံမှာ နေရာရသွားတယ်။

မန်ယောင်ယောင် ခေါင်းလှည့်ပြီး သူမဘေးနားကလူကိုကြည့်လိုက်ကာ ဒီနေ့ကတကယ့်ကို ခက်ခဲတဲ့နေ့ပဲလို့ ခံစားမိတယ်! ပုံမှန်ဆို နားလည်မှုလွဲမှာစိုးလို့ဆိုပြီး သူမနဲ့မထိုင်ချင်ခဲ့ဘူး။

တော်စမ်းပါ သူက ဂေးပဲဟာကို ဘာတွေနားလည်မှုလွဲစရာရှိလို့လဲ?!

ဒါပေမယ့် သူ့အတွေးတွေထဲမြောနေတာကို ကြည့်ပြီး သူမသူ့ဘေးနားမှာထိုင်နေတာကိုတောင် သူသတိမထားမိတာဖြစ်မယ်လို့ မန်ယောင်ယောင်ထင်လိုက်တယ်။

သူမလက်ဆန့်ပြီး ကျီလျောင့်ရှေ့မှာ ဝှေ့ယမ်းလိုက်တယ်။

ကျီလျောင်သတိပြန်ကပ်ပြီး သူမကိုကြောင်တောင်တောင်ကြည့်လာတယ် "ဘာလဲ?"

မန်ယောင်ယောင် မေးစေ့ကိုကိုင်ကာ ခန့်မှန်းလိုက်တယ် "နင်ဒီနေ့တော်တော်လေး စိတ်နဲ့လူနဲ့မကပ်ဘူး၊ နင် ဟဲ့ချန်းမင်နဲ့ ရန်ဖြစ်ထားတာလား?" ကျီလျောင်တောင့်တောင့်ကြိးဖြစ်သွားတယ် 'ဒီလောက် သိသာနေတာလား?'

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now