အပိုင်း - ၇၀

9.3K 1.6K 44
                                    

{Zawgyi}

•မင်းကိုယ့်ကို အဲ့လောက်တောင် သဘောကျလား?•

"မလွှတ်ပေးဘူး" ဟဲ့ချန်းမင်ကလေးဆန်စွာပြောလာတယ်။

ပါးလွှာတဲ့စောင်အောက်မှာ သူ့လက်နှစ်ဖက်လုံးက ကျီလျောင့်ခါးကို တင်းကျပ်စွာဖက်တွယ်ထားပြီး ခြေထောက်ရှည်ကြီးတွေကိုလည်း သူ့ပေါ်ဖြတ်တင်ထားကာ အတိအကျဖိထားတော့တယ်။

သူအခုပြေးလို့မရတော့ဘူး။

ဒါက ရီစရာကောင်းတယ်လို့ ကျီလျောင်ထင်မိပေမယ့် တစ်ချိန်တည်းမှာပဲ အကူအညီမဲ့စွာပြောလိုက်တယ် "ငါ့အမေ စိတ်ပူနေလိမ့်မယ်"

သူမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ အနည်းငယ်တွန့်ဆုတ်နေပေမယ့် သူအိမ်ပြန်မှရမယ်။ ရှုအိုက်ဝမ်က သူတို့ဆက်ဆံရေးကို ခက်ခက်ခဲခဲလက်ခံလာချိန်ကျမှ တလွဲလုပ်လိုက်လို့မဖြစ်ဘူး။

"အဲ့တာဆိုလည်း ကိုယ့်မင်းကို အရင်အားလုံးပြောပြခွင့်ပေး" ဟဲ့ချန်းမင် မေးကိုမော့ကာ ကျီလျောင့်ခေါင်းပေါ်တင်လိုက်တယ်။ သူရှင်းရှင်းလင်းလင်းနဲ့ တည်ငြိမ်စွာ သူ့ရဲ့စတော့ဈေးကွက်တွေအကြောင်း၊ ကျောင်မေးလန်တိုက်တဲ့ဆေးတွေအကြောင်းနဲ့ ဟဲ့မုရှန်း ပုလ္လင်သိမ်းတဲ့ကိစ္စတွေကိုပါ ထုတ်ပြောလိုက်တော့တယ်။

လွန်ခဲ့တဲ့သုံးနှစ်တုန်းကဖြစ်ခဲ့တဲ့ အခက်အခဲတွေ ဆင်းရဲဒုက္ခရောက်ခဲ့ရတာတွေကို ရိုးရှင်းစွာ စုပေါင်းပြီးပေါ့ပေါ့ပါးပါးပြောလိုက်တယ်။ ဆေးအကြောင်း ကျီလျောင်ကြားလိုက်ရချိန်မှာ သူ့တစ်ကိုယ်လုံး သိသိသာသာတုန်ရီလာတယ်။ ဟဲ့ချန်းမင်က ချက်ချင်းဆိုသလို သူ့နောက်ကျောလေးကိုပုတ်ပေးကာ တည်ငြိမ်စေဖို့ ညင်သာစွာပြောလိုက်တယ် "ကိစ္စမရှိပါဘူး၊ စိတ်မပူနဲ့တော့"

ကျီလျောင် သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေ အကြော်ခံရသလိုမျိုး ခံစားနေရပြီး သူ့လက်တွေက တစ်ဖက်ကောင်လေးရဲ့ရှပ်အကျီကို တင်းကျပ်စွာဆုတ်ကိုင်ထားတယ်။ ဘယ်လိုဖြစ်လို့ သူ့အမေက ဒီလောက်ထက်မြက်တဲ့လူကို အကျဉ်းချပြီး အတင်းအကျပ်ဆေးတိုက်နိုင်ရက်ရတာလဲ?!

ကျီလျောင်ရင်တွေနာကာ မေးရိုးကို တင်းနေအောင်ကြိတ်ထားမီတယ်။ သူရဲ့ခဏနေရင် မျက်ရည်တွေပြိုကျတော့မလို အရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ ဟဲ့ချန်းမင်ကို ကြည့်လိုက်တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now