အပိုင်း - ၆၁

10.6K 1.6K 75
                                    

{Zawgyi}

•ကျေးဇူးပြုပြီး ပါးစပ်ပိတ်ပါတော့! ကျီစားမနေနဲ့တော့!•

ဖာ့ခ်!

ဆူပုတ်နေတဲ့အမူအယာနဲ့ ပြန်ဝင်လာတော့ ကျီလျောင်ရဲ့စိုးရိမ်နေတဲ့မျက်နှာလေးကို မြင်သွားပြီး သူနည်းနည်းစိတ်မသက်မသာဖြစ်မိတယ်။ အနားကိုလျှောက်လာပြီး တစ်ဖက်ကောင်လေးရဲ့လက်ဖဝါးကို ညှစ်ပြီးအသံတိုးတိုးနဲ့ပြောလိုက်တယ်။ “စိတ်မပူပါနဲ့ ကိုယ့်အပေါ် ပုံအပ်ထားလိုက်”

သူက လေလုံးထွားတဲ့သူတစ်ယောက်မဟုတ်သလို ဟဲ့ယွဲ့ကျင်းရှေ့ထွက်ရမှာကိုလည်း မကြောက်ဘူး။

ရုပ်သေးရုပ်ဘဝကနေ သုံးနှစ်လောက်လွတ်မြောက်လာပြီးနောက်မှာ ဒီနေ့ထိတောင်တဖက်ကောင်လေးကို မကာကွယ်ပေးနိုင်သေးဘူးဆိုရင် ဆက်မတွဲတော့ဘဲ စောစောစီးစီးလမ်းခွဲတာကမှ ပိုကောင်းသေးတယ်။

“အင်းပါ” ကျီလျောင်ပြန်ဖြေပေမယ့် စိတ်ထဲမှာက မရေရာလှဘူး။

ဟဲ့ယွဲ့ကျင်းရဲ့ဂုဏ်သတင်းတွေက အရမ်းကျော်ကြားပြီး မကြာခဏဆိုသလိုဘဏ္ဍာရေးchannelမှာ ပါလာတတ်တယ်။ ဒီနေ့မှပဲ အဲ့လူက ဟဲ့ချန်းမင်ရဲ့အဖေဆိုတာ သိလိုက်ရတယ်။

ဒီလိုကျတော့ သူတို့ကြားထဲကအသိုင်းအဝိုင်းက အတော်လေးကွာခြားနေတယ်။ စတင်ပြီးစိတ်မသက်မသာဖြစ်လာပေမယ့် ဒီဆက်ဆံရေးကို ရပ်ဆိုင်းဖို့လည်း စိတ်မပါလှဘူး။

သူ့မျက်လုံးထဲက တွန့်ဆုတ်မှုတွေကို ဟဲ့ချန်းမင် မြင်တော့ ကျီလျောင့်နောက်စေ့ကို သူ့ရဲ့လက်အကြီးကြီးတွေနဲ့ ကိုင်လိုက်တယ်။ အတွေးရိုင်းတွေပြည့်နှက်နေတဲ့ခေါင်းလေးကို သူ့ဘက်ဆွဲယူပြီး နှဖူးလေးကို နမ်းလိုက်တယ်။

“အဆင်ပြေပါတယ်၊ ကိုယ့်ကိုယုံပေး” သူအခိုင်အမာပြောလိုက်တယ်။

သူ့ဘေးမှာ ကုမင်းယန်က ပါစတာကို မျက်နှာသေနဲ့စားနေတယ်။ သူတို့နှစ်ယောက်ကြားက အပြန်အလှန်ပြုမူနေကြတာကို အကုန်လုံးမြင်နေရတာကြောင့် မနေနိုင်စွာ သူ့ခရင်းကို ပန်းကန်နဲ့ခေါက်ပြီး ဒီမှာသက်ရှိတစ်ယောက်ရှိနေသေးတယ်ဆိုတာကို သတိပေးလိုက်တယ်။ ဒီကောင်တွေ သောက်ရမ်းချစ်ပြနေတာကို နည်းနည်းလောက်လျော့ပေးလို့မရဘူးလား?

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now