အပိုင်း - ၁၉

22.3K 3.7K 78
                                    


{Zawgyi}

•နေရင်းထိုင်ရင်း ခွေးစာစားလိုက်ရ!•

ပိတ်ရက်ကိုအိမ်မှာနေရင်းနဲ့ အချိန်တွေဖြုန်းပြီးနောက် နောက်တစ်ရက်က ကျောင်းတက်ရမယ့်ရက်ရောက်လာတယ်။

နိုဝင်ဘာလရဲ့အပူချိန်က တဖြည်းဖြည်းလျော့ကျလာပြီဖြစ်တာကြောင့် ကျီလျောင်အပြာနဲ့အဖြူစပ်ထားတဲ့ဆွယ်တာလေးဝတ်ပြီး အိမ်ကထွက်လာခဲ့တယ်။ ဘတ်စ်ကားဂိတ်ကိုလျှောက်လာတော့ ဟဲ့ချန်းမင်ကလည်း ဆွယ်တာဝတ်ထားတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့်သူ့ဟာကအနီရောင်ဖြစ်ပြီး အရမ်းကိုမျက်စိပသာဒဖြစ်ကာ သူ့ရဲ့သြဇာရှိတဲ့ပုံကိုပိုတိုးစေပြီး ပိုလို့တောင်ကြည့်ကောင်းနေတယ်…

နှစ်ယောက်သားကျောင်းကိုအတူသွားကြတယ်။ ကျီလျောင်သူ့အခန်းထဲဝင်လိုက်တဲ့အချိန်မှာ ရှုရှောင်ကျင်းသူ့ကို ဖမ်းကိုင်ထားလိုက်တယ်!

ကောင်မလေးကသူ့ကို စိတ်လှုပ်ရှားစွာကြည့်နေပြီး အော်ဟစ်ချင်နေတဲ့စိတ်ကို ချိုးနှိမ်ထားရတယ်။ သူမခြေကိုဆောင့်ချရင်း ပြောလိုက်တယ် “ကျီလျောင်! နင်တကယ်ကြီး… ဟဲ့ချန်းမင်နဲ့တွဲနေတာလား?!” အဆုံးပိုင်းနားက အရမ်းကိုပျော့ပျောင်းနေပြီး တစ်စုံတစ်ယောက်ကြားသွားမှာကို ကြောက်နေတဲ့အတိုင်းပဲ။

မန်ယောင်ယောင်သူမကို ပြောပြတုန်းက သူမရူးသွားတော့မတတ်ဘဲ! Fujoshiတစ်ယောက်ရဲ့စိတ်ဝိဉာဉ် လောင်ကျွမ်းလာတယ်။ animeတွေအများကြီးကြည့်၊ comicတွေအများကြီးဖတ်ပြီး တကယ့်လက်တွေဘဝမှာလည်း coupleတွေအများကြီး လိုက်shipပြီးနောက် အခုတော့သူမဘေးမှာ တကယ့်ကိုရယ်ဒီမိတ်အတွဲလေးရောက်နေပြီ။ ထပ်ပေါင်းပြောရရင် သူတို့တွေကအရမ်းလည်း ကြည့်ကောင်းကြတယ်။ ဒါကောင်းကင်ကြီးက ကောင်းမွန်စွာချီးမြှောက်ပေးလိုက်တာပဲ!

ကျီလျောင် ခဏလောက်အေးခဲသွားပြီး ဒါကမန်ယောင်ယောင်သူမကို ပြောပြလိုက်တာဖြစ်မယ်လို့ ခန့်မှန်းမိသွားတာကြောင့် အနည်းငယ်မပျော်မရွှင်ဖြစ်သွားတယ်။ သူမရှင်းရှင်းလင်းလင်းကြီး လျှို့ဝှက်ထားပေးပါမယ်လို့ သဘောတူသွားပြီးတော့…ရှုရှောင်ကျင်းရဲ့ချစ်စဖွယ်အမူအယာကိုကြည့်ပြီး သူအရမ်းအာရုံထွေပြားသွားတယ်။ သူက ဟဲ့ချန်းမင်နဲ့တွဲနေတယ်ဆိုတာကို သူမကဘာလို့အရမ်းတွေလာပျော်နေရတာလဲ?

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now