အပိုင်း - ၂၉

19.9K 3.1K 197
                                    


{Zawgyi}

•နှင်းဖြူဖြူနှင့် အနီဖျော့လေး•

စနေနေ့ဖြစ်တာကြောင့် ပြည်သူ့ရင်ပြင်မှာ လူအရမ်းထူထပ်နေတယ်။

ကျီလျောင်ဘတ်စ်ကားပေါ်ကဆင်းလိုက်တယ်ဆိုတာနဲ့ လူအုပ်ကြားထဲမှာ သူ့ကိုစောင့်နေတဲ့သူကိုချက်ချင်းတွေ့လိုက်ရတယ်။ မနေ့ညကသူလိုချင်ခဲ့တဲ့အနမ်းကြောင့် တဖက်ကောင်လေးဖြစ်သွားတာကို ပြန်တွေးမိတော့ သူမျက်နှာကအနည်းငယ်ပူလောင်လာသလိုတောင် ခံစားရတယ်။

မနေ့ညကသူအိမ်ပြန်ရောက်တော့ သူအစွန်းရောက်လွန်းတဲ့အရာတွေအများကြီးကို ရဲရဲကြီးလုပ်ပြီးတဲ့အပြင် ဟဲ့ချန်းမင်ကို မြူဆွယ်ရဲတဲ့သတ္တိတောင် ထွက်လာလိုက်သေးတယ်ဆိုတာ သတိပြုမိခဲ့တယ်!

ဆွဲဆောင်လို့ပြီးသွားတဲ့အခါမှာလည်း နဂိုဗလာဖြစ်နေခဲ့တဲ့ သူ့နှလုံးသားလေးက တခုခုပြည့်လျှံသွားပြီး အဲ့အတွက်လည်း သူနောင်တမရမိဘူး။

မျက်လုံးဝေ့ကြည့်လိုက်တော့ လင်ကျန်းလည်း ဒီကိုရောက်နေတာတွေ့လိုက်ရပြီး သူ့ဘေးမှာက ကုမင်းယန်!

လင်ကျန်းကမျက်စိလျင်ပြီး သူ့ကိုမြင်သွားတာနဲ့ ဝမ်းပန်းတသာအော်ခေါ်လိုက်တယ် “ကျီလျောင်!”

နောက်ဆုံးတော့ သူစကားပြောလို့ရမယ့်သူရောက်လာပြီ။

လင်ကျန်းခမျာ စိတ်သောကရောက်နေရတယ်။ သူ့ကိုကုမင်းယန်က လက်မှတ်တစ်စောင်းချင်စီရဲ့ဈေးနှုန်းက ပုံမှန်ထက်နှစ်ဆရှိတဲ့လက်မှတ်တွေကို အကြောင်းပြပြီးသူ့ကိုရုပ်ရှင်ကြည့်ဖို့ ဖိတ်ခဲ့တယ်။ အိုကွယ် ကျေးဇူးပြုပြီးတော့ ကြီးကျယ်ခန်းနားလှတဲ့ကုမိသားစုရဲ့သခင်လေးက ဒေါ်လာအနည်းငယ်လောက်လေးကို ဂရုစိုက်နေတာလား?

သူလှည့်စားခံလိုက်ရတာကို သတိထားမိသွားတာနဲ့ သူချက်ချင်းအိမ်ကိုပြန်ချင်သွားတယ်။ ဒါပေမယ့် ကုမင်းယန်က ကျောင်းမှာတုန်းက သူ့ကျောင်းဝတ်စုံမသေမသပ်ဝတ်တာကို ခုတုံးလုပ်ပြီး သူသာပြန်သွားရဲမယ်ဆိုရင် နေ့တိုင်းပြန်လည်သုံးသပ်တဲ့စာရေးရမယ်ဆိုပြီး ခြိမ်းခြောက်တော့တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now