အပိုင်း - ၂

41K 5.3K 199
                                    

{Zawgyi}

•ကြည့်ထား၊ အဲ့တာငါ့ကောင်လေး•

နောက်တစ်နေ့မနက်စောစောမှာ အိပ်ချင်မူးတူးမျက်လုံးတွေနဲ့ ကျီလျောင်တစ်ယောက် ဧည့်ခန်းထဲဝင်လာတယ်။ ကောင်းကောင်းအိပ်မပျော်တာကြောင့် သူ့မျက်လုံးအောက်နားကအညိုရောင်ဖျော့ဖျော့သန်းနေတယ်။

ရှုအိုက်ဝမ်က မီးဖိုချောင်ကနေ ဆန်ပြုတ်ပူပူလေးယူလာပေးတယ်။ သူ့ရဲ့ဖြစ်ပျက်နေပုံကိုမြင်တော့ သိချင်ဇောနဲ့သူမလှမ်းမေးလိုက်တယ် “တျန်းတျန်း ဘာဖြစ်နေတာလဲ? မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား?”

တျန်းတျန်းဆိုတာ ကျီလျောင်ရဲ့အိမ်ခေါ်နာမည်ဖြစ်တယ်။ သူမမွေးခင်က ဖေဖေကျီထင်တာက မိန်းကလေးမွေးလာမယ်ပေါ့… အဲ့တာကြောင့် အိမ်ခေါ်နာမည်ကို တျန်းတျန်းဆိုပြီး ရွေးထားလိုက်တယ်။ ကလေးမွေးလာတော့မှ ကလေးမှာ လက်ကိုင်လေးပါနေတာကို တွေ့လိုက်ရတယ်။ ဒါပေမယ့်နှစ်ဝက်လောက် တျန်းတျန်းဆိုပြီးသုံးလာတာဖြစ်လို့ ပြန်ပြောင်းဖို့ခက်တာကြောင့် အခုထိအဲ့နာမည်ကိုပဲ ဆက်သုံးနေတာဖြစ်တယ်။

“ဟုတ်တယ်၊ ကျွန်တော်အိပ်လို့မပျော်ဘူး” ကျီလျောင်ခေါင်းကိုငုံ့ပြီး သူ့အမေရဲ့စူးစမ်းတဲ့အကြည့်တွေကို ရှောင်ရှားလိုက်တယ်။ မနေ့ညက ယောကျာ်းလေးတစ်ယောက်ရဲ့ မလှိမ့်တပတ်နဲ့ရည်းစားစကားပြောသွားတာခံလိုက်ရတဲ့အပြင် အဲ့တစ်ယောက်ကလည်း သွားထိလို့မရတဲ့အဆင့်မှာရှိတဲ့ တစ်စုံတစ်ယောက်ဖြစ်နေတယ်။ ဒါပေါ့ သူဘယ်အိပ်လို့ရပါ့မလဲ!

ထိုင်ခုံကိုဆွဲထုတ်ပြီး ကျီလျောင်လိမ်လိမ်မာမာလေးထိုင်ကာ မနက်စာကိုဖြေးဖြေးချင်းပါးစပ်အပြည့်ထိုင်ဝါးနေတယ်။ ရှုအိုက်ဝမ်စားသောက်၊ ပန်းကန်ဆေးပြီးလို့ အပြင်ထွက်လာတဲ့ထိတောင်မှ ကျီလျောင်စားပွဲမှာထိုင်နေတုန်းရှိသေးတယ်။ သူမသူ့ကိုတောင် သတိပေးလိုက်ရတယ် “တျန်းတျန်း အခုကျောင်းမသွားရင် နောက်ကျတော့မယ်နော်”

အဲ့တော့မှ ကျီလျောင် စားပွဲကနေထကာ ကျောင်းလွယ်အိတ်ကိုသယ်ပြီး ထွက်လာတယ်။

ကျောင်းမှာ ဟဲ့ချန်းမင်ကိုတွေ့ရမှာ နည်းနည်းတော့ကြောက်နေတယ်။ သူတို့တွေ့တဲ့အခါမှာ နှုတ်ဆက်ဖို့လိုလား? သူတခုခုမကောင်းတာလာလုပ်ရင်ရော? အဲ့လိုတွေတွေးမိပြီး ပိုတောင်စိတ်လှုပ်ရှားလာတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Hikayelerin yaşadığı yer. Şimdi keşfedin