အပိုင်း - ၃၄

17.2K 2.9K 123
                                    

{Zawgyi}


•လာပါကွ မင်းကောင်လေးက မင်းကိုချီမှာပေါ့•

ဘတ်စကတ်ဘောပြိုင်ပွဲကို အချိန်ဇယားအတိုင်းကျင်းပတယ်။

ကျီလျောင်က အတန်းဆယ့်နှစ်ကိုယ်စား မဲနှိုက်ရတယ်ဆိုပေမယ့် ကံမကောင်းချင်တော့အတန်းခြောက်ကိုရွေးမိသွားတယ်။ လမ်းကျဉ်းလေးထဲမှာ ရန်သူတွေမျက်နှာချင်းဆိုင်မိလိုက်သလို ခံစားချက်ကိုရနေတယ်။

သူပြန်လှည့်လာတော့ ချန်းလီဝမ်နဲ့ လီယုရှင်းတို့နှစ်ယောက်သား တုန်တုန်ရီရီနဲ့ တစ်ယောက်ပုခုံးပေါ် တစ်ယောက်ငိုချတော့မလိုတောင်ဖြစ်နေပြီ။

ပြိုင်ပွဲထဲမှာကောင်းရှန့်မပါဘူးဆိုပေမယ့်လည်း အတန်းခြောက်က ကစားတာညစ်တတ်တယ်ဆိုတဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီး ဒီအခွင့်အရေးကိုအမိအရဆုတ်ကိုင်ပြီး ပြိုင်နေတုန်းသူတို့ကို လက်တုန့်ပြန်လာမှာကို စိုးရိမ်မိနေတုန်းပဲ။ သူတို့က ကျီလျောင့်ကို သတိထားဖို့နဲ့ တခြားအရာအားလုံးထက် လုံခြုံမှုကသာ ပထမဆိုတာကိုသတိပေးနေကြတယ်။

ပရိတ်သတ်တွေထဲမှာ လင်ကျန်းက ဟဲ့ချန်းမင်နဲ့ စကားတွေဆက်တိုက်ပြောနေတယ်။ “အတန်းခြောက်က အဲ့အရှုပ်ထုတ်အုပ်စုက အထူးသဖြင့်ညစ်တီးညစ်ပတ်အကွက်တွေနဲ့ ကစားကြတာ… အတန်းဆယ့်နှစ်အတွက် အတော်လေးအန္တရာယ်ရှိလိမ့်မယ်ထင်တယ်”

ဟဲ့ချန်းမင်ကသူ့ကို မျက်လုံးထောင့်ကပ်ကြည့်ပြီး ပါးစပ်ပိတ်နေဖို့အချက်ပြလိုက်တယ်။

ကုမင်းယန်ရောက်လာလာချင်း ဒီမြင်ကွင်းကိုမြင်လိုက်ရတာကြောင့် သူတို့နှစ်ယောက်ကြား မကြည်မသာရုပ်ကြီးနဲ့ဝင်ထိုင်နေလိုက်တယ်။ ရုပ်ရှင်ရုံထဲမှာ လင်ကျန်းကိုအတင်းကြီးနမ်းလိုက်ကတည်းက လင်ကျန်းကသူ့အပေါ်ဆို ကောင်းကောင်းမဆက်ဆံတော့ဘူး။ လင်ကျန်းကတော့ ကုမင်းယန်က ဟဲ့ချန်းမင်ကိုဘယ်အရာမဆိုလိုက်ပြိုင်ချင်နေတဲ့ ဦးနှောက်မကောင်းသူလို့ခံစားရတယ်။ ဟဲ့ချန်းမင်က ယောကျာ်းချင်းကြိုက်တယ်ဆိုတော့လည်း သူပါလာပြန်တာပဲ။ သူလုပ်ချင်လည်း ကိစ္စမရှိဘူး။ ဒါပေမယ့် ကုမင်းယန်ကသူ့ကို ဘာကြောင့်ဆက်စပ်ရှပ်ယှက်လာလုပ်နေရတာလဲ? သူက ဂေးမနေဘူး!

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now