အပိုင်း - ၃၁

19.6K 2.9K 19
                                    


{Zawgyi}

•ကိုယ့်ဘာသာကိုယ် တခုခုနဲ့တိုက်မိ•

တနင်္လာနေ့မှာ စာသင်ခန်းက ဘတ်စကတ်ဘောပြိုင်ပွဲသုံးယောက်တွဲပွဲအတွက် လက်ရွေးစင်သုံးယောက်ရွေးပြီး တက်ကြွမှုအပြည့်ဖြစ်နေတယ်။

ပြီးခဲ့တဲ့နှစ် အခန်းဆယ့်နှစ်ကပို့လိုက်တဲ့ထဲမှာ P.Eကိုယ်စားပြု လီယုရှင်း၊ အာကျယ်အာကျယ်နဲ့ ချန်းလီဝမ်၊ အရပ်ရှည်ရှည် ယုကျင်းနဲ့ ဘာမှသုံးစားမရတဲ့လူစားထိုး ကျီလျောင်တို့ပါတယ်။

ဒါပေမယ့်ဒီနှစ်မှာ ယုကျင်းက ပန်းချီကိုလေ့လာချင်တာဖြစ်လို့ လေ့ကျင့်ဖို့အချိန်မရတာကြောင့် သူ့နေရာကိုအလိုလိုလက်လျော့လိုက်တယ်။ ဂရုတစိုက်စဉ်းစားတွေးတောပြီးနောက် ကျီလျောင့်ကိုသူ့နေရာမှာအစားထိုးဖို့ရွေးပြီး တခြားလူစားထိုးမယ့်သူကို နောက်မှရွေးဖို့လုပ်လိုက်တယ်။

ဒီသတင်းကိုကျီလျောင်လည်းကြားရော ထိတ်လန့်သွားရတယ်။ အဲ့နောက်လက်ခံလိုက်ပြီးတဲ့နောက် ယုကျင်းကိုလိုက်ရှာတော့တယ်။

“မင်းသွားဖို့ဆုံးဖြတ်လိုက်ပြီလား?” တွန့်ဆုတ်နေပေမယ့်လည်း အလျင်စလိုမေးလိုက်မိတယ်။

ဘယ်လိုပဲဖြစ်နေနေ ယုကျင်းက အတန်းထဲမှာသူရဲ့တစ်ဦးတည်းသော သူငယ်ချင်းကောင်းလေးပဲ။

“အရင်ဆုံး ပေါင်မုန့်သွားဝယ်ရအောင်… ငါဗိုက်ဆာနေပြီ” ယုကျင်းက သူ့လက်မောင်းတွေကို ကျီလျောင့်ဂုတ်ပိုးပေါ် လွဲတင်လိုက်ပြီး ပျင်းတိပျင်းရွဲနဲ့ သူ့ကိုမုန့်ဆိုင်တွေဆီ ဆွဲခေါ်သွားတယ်။

“ငါအဲ့တာကို အရင်မပြောဖူးလို့လား? ပြီးတော့လည်း ငါ့အမေကငါ့ကို သွားစေချင်နေတာ၊ ငါ့မှာရွေးချယ်စရာရှိလို့လား?” သူပြုံးနေတယ်။ အတင်းအကျပ်ဖိအားပေးခံထားရပုံ မပေါ်ဘူး။

အဲ့နောက်သူကျီလျောင့်ကို ဉာဏ်များတဲ့အကြည့်နဲ့ကြည့်ကာ “ဘာလို့လဲ? ငါနဲ့ခွဲရမှာ ခက်နေလို့လား?”

မသိရင်သူကပဲ မယုံနိုင်လောက်စရာကောင်းတဲ့လျို့ဝှက်ချက်ကို ရှာတွေ့သွားသလို သူ့အမူအယာကိုပုံကြီးချဲ့ပြီးလုပ်နေတယ်!

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now