အပိုင်း - ၃၃

17.4K 3K 42
                                    


{Zawgyi}


•မင်းက ငါ့ကောင်လေးဆိုတာ သူ့ကိုပြောလိုက်မယ်•

ကျီလျောင်ကတမင်သက်သက် အမှန်ကိုဖုံးကွယ်ဖို့ကြိုးစားနေတာမဟုတ်ဘဲ သူကဒီတိုင်းလူတွေသိများတာကလည်း မကောင်းဘူးလို့ခံစားမိတာကြောင့်ဖြစ်တယ်။ အဲ့အပြင် သူတို့အခြေအနေကလည်း ပုံမှန်မဟုတ်ဘူးပြီးတော့ တခြားသူတွေသိဖို့လည်း မလိုဘူးလေ။

အဲ့တာကြောင့် သူမပြတ်မသားပြောလိုက်တယ် “သူငယ်ချင်းတွေပါ”

Boyfriendဆိုတာလည်း friendတစ်မျိုးလို့ပဲ ထည့်တွက်လို့ရတယ်မှတ်လား? သူနည်းနည်းလေးတော့ အပြစ်မကင်းသလိုခံစားရတယ်။

သို့သော် ချန်းလီဝမ်ကတော့ သူ့ကိုနည်းနည်းလေးတောင် သံသယမဝင်ဘဲ သူ့မျက်နှာက အားကျနေတဲ့ရုပ်တောင်ဖြစ်နေသေးတယ်။

ပြီးခဲ့တဲ့နှစ်က သူတိုးတိုးတိတ်တိတ် ဟဲ့ချန်းမင်ဆိုတဲ့ကောင်က အေးတိအေးစက်နဲ့ လေလုံးထွားနေတဲ့ အီးပေါလောကောင်ဆိုပြီးတစ်ခါပြောဖူးတယ်။ သူ့စကားကဘယ်လိုကနေဘယ်လို ပြန့်သွားတာလဲတော့မသိဘူး ဒါပေမယ့်အဲ့ညမှာသူစက်ဘီးစီးနေရင်း ဟဲ့ချန်းမင်သူ့ဆီကို လျှောက်လာတာကိုတွေ့လိုက်ရတယ်။ သူ့ကိုရိုက်ဖို့လာနေပြီဆိုပြီး လျှောက်တွေးကာ အသည်းအသန်ပြန်လှည့်လိုက်တယ်ဆိုပေမယ့် မထင်မှတ်ထားဘဲ သူကွေ့ချလိုက်တဲ့နေရာမှာက အောက်ဆင်းဖို့လှေကားထစ်တွေရှိနေပြီး အချိန်မှီဘရိတ်မအုပ်လိုက်နိုင်ဘူးဖြစ်သွားတယ်။

တကယ်လို့သာ ဟဲ့ချန်းမင်က လှမ်းဖမ်းပြီး သူ့စက်ဘီးနောက်ခုံကိုမကိုင်ထားပေးဘူးဆိုရင် သူ့စက်ဘီးနဲ့အတူတူ လှေကားကနေ တလိမ့်ခေါက်ကွေးကျတော့မှာ။

အဆုံးမှာတော့ သူပြုတ်ကျပြီး အရိုးတစ်ချောင်ကျိုးသွားတယ်ဆိုပေမယ့်လည်း အနည်းဆုံးတော့ သေမှမသေသွားတာ။

အဲ့အတွက်ကြောင့် ဟဲ့ချန်းမင်ကိုသူအရမ်းကျေးဇူးတင်မိတယ်။ ကံမကောင်းချင်တော့ ကျောင်းကလူအများစုက ဟဲ့ချန်းမင်သူ့ကိုရိုက်လိုက်တာကြောင့် ဆေးရုံတောင်တက်နေရတယ်ဆိုတဲ့ ကောလဟာလကိုယုံသွားကြတယ်။ တကယ်တော့ သူ့ဘာသာသူ လဲကျတာပါဆိုနေမှပဲ။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now