{Zawgyi}
•လီစီရန်မှာ ပြဿနာရှိနေတယ်လို့ထင်လား•
ဟဲ့မုရှန်း စားပွဲခုံကို လက်ဆစ်နဲ့ခေါက်ပြီး သူမကို သတိပေးလိုက်တယ်။ “ကိုယ်တို့ရဲ့သဘောတူညီချက်က သုံးနှစ်နေလို့ မင်းကြိုက်တဲ့တစ်စုံတစ်ယောက်တွေ့ခဲ့တယ်ဆိုတော့မှ ကွာရှင်းကြမယ်ဆိုပြီးတော့လေ”
လက်ရှိမှာ ဟဲ့ယွဲ့ကျင်း ဆင်းပေးလိုက်ပြီဆိုတာကို အတွင်းလူတွေပဲသိသေးတာဖြစ်ပြီး အပြင်ကို မကြေငြာရသေးဘူး။ ဟဲ့groupရဲ့ရှယ်ယာဈေးနှုန်းတွေက ဒီလိုသတင်းမျိုးထွက်ပြီးတာနဲ့ ကျသွားမလား ဒါမှမဟုတ် တခြားအပြောင်းအလဲတွေဖြစ်လာမလားဆိုတာ မသေချာသေးဘူး။ အဲ့တာကြောင့် အခုချိန်မှာ ကွာရှင်းတယ်ဆိုတာ သိပ်ကောင်းလှတဲ့ဆုံးဖြတ်ချက်မဟုတ်မှန်း သိသာလှတယ်။ သေချာမလုပ်ဘူးဆိုရင် ကျန်းမိသားစုကို ရန်စသလိုဖြစ်သွားလိမ့်မယ်။ မြစ်ကိုဖြတ်ပြီးတာနဲ့ တံတားကိုဖျက်ဆီးပစ်လိုက်ပြီး ရန်သူတွေအဖြစ်ထားလိုက်တာက စီးပွားရေးလောကထဲမှာ မလုပ်အပ်တဲ့အရာနှစ်ခုဖြစ်တယ်။ သူက စီးပွားရေးသမားတစ်ယောက်ဖြစ်တာကြောင့် ဒါကို သဘောမတူနိုင်ဘူး။
ဒါပေမယ့် ကျန်းချီက ခေါင်းမာတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။ ကနဦးတုန်းကလိုပဲ မော်ဒယ်အသိုင်းအဝိုင်းထဲကို ဝင်ဖို့အတွက် သူမက ဟဲ့မုရှန်းနဲ့လက်ထပ်တုန်းက လျှို့ဝှက်သဘောတူညီချက်မှာ လက်မှတ်ထိုးလိုက်တာဖြစ်တယ်။ အခု သူမပညာသင်ကြားလို့လည်း ပြီးသွားပြီဆိုတော့ သူမရဲ့လွပ်လပ်မှုကို ပြန်လိုချင်တယ်။ ဘယ်လိုပဲနေနေ Mrs.ဟဲ့ ဆိုတဲ့ဂုဏ်ပုဒ်ကြီးက ဘယ်နေရာသွားသွား အဆင်မပြေနိုင်ဘူး။
“ဟုတ်တယ် ကျွန်မ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ကို ကြိုက်နေတာ၊ နို့နှစ်ရောင်ခွေးလေးလိုမျိုးပဲ အရမ်းလည်းချစ်စရာကောင်းတယ်” [T/N : နို့နှစ်ရောင်ခွေးဆိုတာ ခပ်ချောချောကောင်လေးကိုပြောတာပါတဲ့]
သူမမှာ ခံစားချက်ကို ဖော်ပြနိုင်တဲ့မျက်လုံးအစုံရှိတယ်။ မိတ်ကပ်မပါဘဲနဲ့တောင် နို့နှစ်ရောင်ခွေးလေးလို့ ရည်ညွှန်းချိန်မှာ သူမမျက်လုံးတွေက ကြည်လင်တောက်ပနေတယ်။
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...