အပိုင်း - ၈၁

7.9K 1.4K 15
                                    

{Zawgyi}

•မင်းပြန်စဉ်းစားတာကောင်းမယ်•

နောက်တစ်နေ့ ဟဲ့ချန်းမင် ကျောင်းကို ကျောက်ပတ်တီးတွဲလောင်းလေးနဲ့ ရောက်လာတယ်။ ထင်တဲ့အတိုင်း မရေမတွက်နိုင်တဲ့အကြည့်တွေ ရရှိလိုက်တယ်။

သူတို့ကို တစ်ချက်ဝေ့ကြည့်ပေးလိုက်တာနဲ့ အတင်းတုပ်နေကြတဲ့သူတွေရဲ့ ဦးခေါင်းတွေက hamsterလေးတွေလိုမျိုး ငုံ့ကျသွားတော့တယ်။

လင်ကျန်းတစ်ယောက်ပဲ သူ့နားကပ်လာပြီး မခံမရပ်နိုင်နဲ့ မေးတော့တယ် "မင်ကော လက်ကဘယ်လိုဖြစ်ရတာလဲ?! ဘယ်သူလုပ်လိုက်တာလဲ?! ကျွန်တော် သူ့ကိုသွားလုပ်ပစ်မယ်!" သူတကယ်စိတ်ဆိုးနေတာဖြစ်တယ်။ သူက တချိန်လုံး ဟဲ့ချန်းမင်ကို တကယ့်အစ်ကိုရင်းတစ်ယောက်လို သဘောထားတာ။ အခုတစ်စုံတစ်ယောက်က သူ့အစ်ကိုရဲ့လက်ကို အရိုးအက်အောင်လုပ်လိုက်တယ်ဆိုတော့ ဒေါသကိုမထိန်းနိုင်တော့ဘူး။

ဟဲ့ချန်းမင်က သူ့နောက်စေ့ကို ဖြတ်ရိုက်ပြီး ဆူပူလိုက်တယ် "အသံတိုးတိုးပြောလို့မရဘူးလား? ငါ နားမလေးဘူးကွ!" လင်ကျန်း နှုတ်ခမ်းထော်သွားတယ် "အဲ့တာဆိုလည်း ဘယ်လိုဖြစ်ရတာလဲလို့?"

"မနေ့တုန်းက ကောင်းရှန်နဲ့တွေ့တာ..."

ဟဲ့ချန်းမင်က ဖြစ်ပျက်ခဲ့တာတွေကို အတိုချုပ်ပြောပြလိုက်တယ်။ ပြီးသွားတဲ့အချိန်မှာ အဲ့ခွေးမသားက တကယ့်ကိုသူနဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကျခံသင့်တယ်လို့ လင်ကျန်းခံစားမိတယ်။

သူသိပြီးနောက် တစ်ကျောင်းလုံးလည်း သိသွားတော့တယ်။ ဟဲ့ချန်းမင်ရဲ့ညီဖြစ်တဲ့အတွက် သူ့ရဲ့အစ်ကိုကြီးက 'အရိုက်ခံလိုက်ရတယ်'ဆိုပြီး မမှန်မကန်ပြောဆိုခံနေရတာမျိုးကို လင်ကျန်းဘယ်လိုလုပ် လက်သင့်ခံနိုင်မှာလဲ?

ဒီကိစ္စနဲ့ပက်သက်နဲ့သတင်းကို ချက်ချင်းဖြန့်ပြီး ခြောက်ယောက်တစ်ယောက်အကြီးအကျယ်ထိပ်တိုက်တွေ့တာတွေကိုပါ ပိုပိုသာသာလေး ချဲ့ကားပြောလိုက်တယ်။

ကျီလျောင်သာ တကယ့်အမှန်တရားကို မသိထားဘူးဆိုရင် သူလည်း ယုံမိသွားလိမ့်မယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now