အပိုင်း - ၄

31.8K 4.7K 126
                                    

{Zawgyi}

•ခင်ဗျားစောင့်နေမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး•

ကျီလျောင်တစ်ယောက် စကားပြောရတာအဆင်မပြေသလိုမျိုး သူ့နှုတ်ခမ်းကိုသာဖိကိုက်ထားလိုက်တယ်။

သူအမှန်တရားကို တမင်ယုကျင်းကိုဖုံးကွယ်ထားတာမဟုတ်ဘူး_ သူဒီတိုင်းဘာပြောရမှန်းမသိဖြစ်နေတာသာဖြစ်တယ်။ အခြေအနေတစ်ရပ်လုံးက ကြောက်စရာသိပ်ကောင်းသလို ဖြစ်နေတာကြောင့် သူကိုယ်တိုင်တောင် လက်မခံနိုင်သေးတာဖြစ်တယ်။

ယုကျင်းက သူ့ရဲ့ရှက်ရွံ့နေပုံကိုမြင်တော့ ဒီ့ထက်ပိုပြီးမေးမနေတော့ဘူး။ သူ ကျီလျောင်ကအနည်းငယ်သူရဲဘောကြောင်တယ်ဆိုပေမယ့် အရမ်းလည်းခေါင်းမာတယ်ဆိုတာကို သိတယ်။ သူမပြောချင်တဲ့အကြောင်းကို အတင်းမေးနေရင်လည်း အလုပ်မဖြစ်လာနိုင်ဘူးဆိုတာသိတယ်။ “ထားလိုက်တော့ ဘာပဲဖြစ်နေနေ ဟဲ့ချန်းမင်နဲ့သူငယ်ချင်းဖြစ်လို့ အကျိုးယုတ်တာတော့ မရှိနိုင်ပါဘူး!”

‘မင်းမထိခိုက်သရွေ့ ပြီးတာပဲ’ ယုကျင်း တွေးလိုက်တယ်။

ကျီလျောင် လက်ခံသလိုမျိုး ခေါင်းငြိတ်လိုက်တယ်။ ကျေးဇူးတင်တဲ့အနေနဲ့လည်း သူ့ရဲ့ပေါင်မုန့်ထဲက အသားချောင်းတစ်ဝက်ကို သူ့ကိုပေးလိုက်တယ်။

ယုကျင်း သဘောရိုးနဲ့ တခြားထပ်မတွေးတော့ဘဲ လက်ခံလိုက်တယ်။

နေ့လည်ရောက်တော့ ကျီလျောင်စားပွဲကို အမြန်ရှင်းပြီး ကျောင်းဆင်းလာကြတဲ့လူအုပ်ကြီးနဲ့ ရောနှောသွားလိုက်ပြီး စာကြည့်တိုက်မှာပုန်းနေတယ်။ သူ့ဖုန်းက မယူလာဖြစ်တာကြောင့် အခန်းထဲကထိုင်ခုံမှာကျန်ခဲ့တယ်။ ဟဲ့ချန်းမင်ဆီက နောက်ထပ်ရောက်လာမယ့်စာတွေနဲ့အတူ ထမင်းအတူစားဖို့ဖိတ်မှာကို လက်မခံချင်တာကြောင့် တမင်ထားခဲ့တာဖြစ်တယ်။

သူဒီလိုတိတ်တိတ်လေးပုန်ကန်နေတာက တဖက်လူကသူ့ရဲ့သဘောထားကို နားလည်ပြီး သနားသောအားဖြင့် လက်လွှတ်ပေးစေလိုတာကြောင့်ဖြစ်တယ်။

သူအိမ်စာလုပ်နေတဲ့အတောအတွင်း နှစ်နာရီလောကိက အလျင်အမြန်ကုန်ဆုံးသွားတယ်။ ကျီလျောင်နေ့လည်စာမစားရသေးတာကြောင့် စာကြည့်တိုက်ကထွက်လာတယ်။ သူ့ရဲ့အစာအိမ်ကလည်း အချက်တွေပြနေပြီ။ မုန့်ဈေးတန်းဘက်ကိုလှည့်ကာ ပေါင်မုန့်နှစ်ခုဝယ်ပြီး အတန်းကိုပြန်လာရင်းစားလာတယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now