{Zawgyi}
•မင်းဒီလိုမျိုးတွေဖတ်ရတာ သဘောကျတာလား?•
“ဘာလို့ပြေးလာတာလဲ?” ကျီလျောင်က အနည်းငယ်အပြစ်တင်သလို လေသံလေးနဲ့ ငြင်သာစွာပြောလိုက်တယ်။
ဟဲ့ချန်းမင်မျက်ခုံးပင့်ကာ ခံစားချက်တွေယိုဖိတ်ကုန်တယ်။ ကောင်လေးနဲ့မျက်လုံးချင်းဆုံတဲ့ထိ ကိုယ်ကိုကိုင်းကာ ခပ်မိုက်မိုက်ပြောလိုက်တယ် “မင်းအဖြေကို သိပြီးသားပါကွာ”
မဖုံးနိုင်မဖိနိုင်အူမြူးစိတ်တွေနဲ့ ကျီလျောင့်ကိုကြည့်နေလိုက်တယ်။
ကျီလျောင့်မှာ ဘာမှပြန်ပြောစရာမရှိဘူး။ သူ့ရေဘူးကိုယူပြီး ပြန်လှည့်ထွက်သွားလိုက်တယ်။ ဟဲ့ချန်းမင် ကပ်လိုက်လာပြီး ကောင်လေးပုခုံးပေါ်လက်တင်လိုက်တယ်။ သနားစရာကောင်းဟန်ဆောင်ပြီး တောင်းပန်တယ် “ကောင်းပါပြီ၊ ကိုယ်မှားသွားပါတယ်ကွာ… စိတ်မဆိုးနဲ့တော့နော်”
ကျီလျောင်ကတော့ ဆွံ့အနေပြီး ဟဲ့ချန်းမင်ကသူလိုချင်တာကိုရအောင် ဖော်လံဖားလုပ်တတ်ပြီး သူ(ကျီလျောင့်)ကိုမိန်းကလေးတစ်ယောက်အလား အပျော့ဆွဲဆွဲတတ်တယ်လို့ ခံစားရတယ်။
“ငါစိတ်မဆိုးပါဘူး”
ထောင့်နားကိုလှည့်ပြီး သူ့နဂိုထိုင်ခုံဆီပြန်သွားကာ ဟဲ့ချန်းမင်ထိုင်ခုံက သူနဲ့မျက်နှာချင်းဆိုင်မှာဆိုတာကို ပြလိုက်တယ်။ ဒါပေမယ့် ဟဲ့ချန်းမင်က မမြင်ချင်ယောင်ဆောင်ပြီး သူ့ဘေးနားမှာမိန့်မိန့်ကြီးပြုံးကာ လာထိုင်တယ်။
ကျီလျောင် “…”
ကောင်းပြီလေ၊ သူ့ကိုလာမနှောင့်ယှက်ရင်ပြီးရော။
မနေ့ည အိမ်ပြန်ရောက်တော့ သူအချိန်အတော်ကြာစဉ်းစားခဲ့တယ်။ ဟဲ့ချန်းမင်သူ့ကိုတကယ်ကြိုက်လား မကြိုက်လားဆိုတာ ထည့်မတွက်ရင်တောင် အရင်ဆုံးသူ့အဆင့်တွေကို တိုးတက်အောင်လုပ်ရမယ်။ အဲ့တာပြီးတော့မှ သူကြိုက်တာအမှန်အကန်ဆိုရင် သူတို့နဲ့သင့်တော်တဲ့တက္ကသိုလ်တစ်ခုကို အတူရွေးကြပြီး သူ့ရဲ့မကောင်းတဲ့အဆင့်တွေကြောင့် LDRSဖြစ်စရာမလိုတော့ဘူး။ တကယ်လို့သူ့ခံစားချက်တွေက မစစ်မှန်ဘူးဆိုရင်တောင် သူ့မှာဆုံးရှုံးစရာမရှိဘူး။ တကယ်ဆို ကျူတာတစ်ယောက်တောင်ရလိုက်သေးတယ်!
YOU ARE READING
ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}
RandomTitle - What should I do if the school bully is interested in me Author - 时闲 Total Chapters - 90 Genre - Modern, School Eng Translator - Flareax Myanmar Translator - Kay_Wine 😉 Novel link- https://chrysanthemumgarden.com/novel-tl/sbim/ I have permi...